အသင်းအတွက် ရေရှည်ကစားပေးနိုင်မယ့် ကျောနံပါတ် ၉ ကို ရှာဖွေနေတာဖြစ်ပြီး ယခုလအစောပိုင်းမှာ ဒတ်ချ်တိုက်စစ်မှူး ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဟာရီ ကိန်းကို ယခုနွေရာသီ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူးကလည်း ယခုရာသီကုန်မှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဟာရီ ကိန်းဟာ ၂၀၂၁ ခုနှစ် နွေရာသီတုန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်က တာဝန်ရှိသူတွေဟာ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးကို စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ နိုဝင်ဘာလမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပေးခဲ့တာကြောင့် အသင်းအတွက် ရေရှည်ကစားပေးနိုင်မယ့် ကျောနံပါတ် ၉ ကို ရှာဖွေနေတာဖြစ်ပြီး ယခုလအစောပိုင်းမှာ ဒတ်ချ်တိုက်စစ်မှူး ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘန်လေမှာ ခြေမပေါ်လို့ ဘက်ဆစ်တက်ကို အငှားထွက်ကစားနေခဲ့တဲ့ ဒတ်ချ်တိုက်စစ်မှူးဟာ ရေတိုဖြေရှင်းနည်းသာဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ အထောင်တိုက်စစ်မှူးအသစ်ကို ကြီးမားတဲ့ငွေကြေးသုံးစွဲပြီး ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။ Daily Mail ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဟာရီ ကိန်းကို ခေါ်ယူဖို့အတွက် စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင်လည်းက အပြောင်းအရွှေ့ ပြုလုပ်ချင်တဲ့ အရိပ်အယောင်မျိုး ပြသနေတယ်လို့ သိရပါတယ်။

ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းမှာ ဆယ်စုနှစ် ၂ ခုနီးပါး အချိန်ကုန်ဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အသင်းအကယ်ဒမီကနေ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီးကတည်းက ၄၁၄ ပွဲမှာ ၂၆၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း ဆုဖလားတစ်လုံးမှ ကိုင်မြှောက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းက စာချုပ်သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်သိပ်မရှိတော့ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။


တော့တင်ဟမ်ဟော့စပါးသာ ကွန်တီ လက်အောက်မှာ ဆက်လက်ရုန်းကန်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာအပြင်ဘက်မှာသာ ရာသီပြီးဆုံးခဲ့မယ်ဆိုရင်တော့ ဟာရီ ကိန်းဟာ မြောက်လန်ဒန်ကလပ်အသင်းကို စွန့်ခွာဖို့ ပိုလို့တောင် ကြိုးပမ်းချင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က