ပြင်သစ်နောက်ခံကစားသမား ရာဖေး ဗာရွမ်းဟာ လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပြင်သစ်အသင်းဟာ အာဂျင်တီးနားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘောလုံးသမိုင်းတလျှောက်မှာ ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့ ဒုတိယမြောက်အသင်းဖြစ်လာမယ့်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ပြင်သစ်အသင်းရဲ့ ရှုံးနိမ့်မှုမှာ မန်ချက်စတာယူနိုက်တက် နောက်ခံကစားသမား ရာဖေး ဗာရွမ်းရဲ့ တင်ပါးကလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဟာသဖောက်ခဲ့ကြတာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီနဲ့ ဒီမာရီယာတို့ဟာ ပထမပိုင်းမှာ ပြင်သစ်အသင်းအတွက် ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့ပြီး ခီလီယန် အမ်ဘာပေက ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ချေပဂိုး ၂ ဂိုးဆက်တိုက် သွင်းယူသွားခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။ အချိန်ပိုမှာလည်း လီယွန်နယ် မက်ဆီရဲ့ ဦးဆောင်ဂိုးကို အမ်ဘာပေက ပင်နယ်တီကနေတဆင့် ပြန်လည်ချေပသွားခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူခဲ့ရာမှာ အာဂျင်တီးနားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်နောက်ခံလူ ရာဖေးလ် ဗာရွမ်း ပါဝင်ပတ်သက်ခဲ့တဲ့ အလွန်တိကျတဲ့ လူကျွံဘောကို ပရိသတ်တွေက သတိပြုမိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ်က လော်တာရို မာတီနက်ဇ်ကို ထိုးပေးခဲ့ရာမှာ အင်တာမီလန်တိုက်စစ်မှူးရဲ့ ကန်ချက်ကို လိုရစ် ပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို မက်ဆီက ပိတ်သွင်းယူပြီး ဂိုးစည်းပေါ်ကျော်သွားခဲ့တာကြောင့် အာဂျင်တီးနားအသင်းက အချိန်ပို ဒုတိယပိုင်းအစောပိုင်းမှာ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ အန်ဇို ဖာနန်ဒက်ဇ် ဘောလုံးထိုးပေးလိုက်ချိန်မှာ လူကျွံနေခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း VAR က ဗာရွမ်းရဲ့ နောက်ကျောက အာဂျင်တီးနား တိုက်စစ်မှူးကို လူကျွံဘော မဖြစ်စေခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ပြင်သစ်အသင်းရဲ့ ကံကြမ္မာဟာ ဗာရွမ်းကြောင့် ကွဲပြားခြားနားမှုတွေ ဖြစ်ခဲ့ပုံပေါ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားရဲ့ တင်ပါးက ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်စေခဲ့တာဖြစ်တယ်လို့ ဟာသဖောက်ခဲ့ကြပါတယ်။
"ရာဖေးလ် ဗာရွမ်းရဲ့တင်ပါးက အာဂျင်တီးနားကို အချိန်ပိုမှာ လူကျွံအနေအထားနေ လွတ်မြောက်စေခြ့တယ်။ ခင်ဗျား ဖင်ကြီးလို့ အားနည်းချက်ဖြစ်ခဲ့တဲ့အကြောင်း ကြားဖူးတာ ရှားပါလိမ့်မယ်"လို့ ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဗာရွမ်းရဲ့ဖင်က ကမ္ဘာ့ဖလား အနိုင်နဲ့ အရှုံးကြား ကွဲပြားခြားနားမှုတွေဖြစ်စေခဲ့တယ်ဆိုတာ မယုံနိုင်ဘူး။ ပထမတန်းစားဖင်ကြီး"လို့ မှတ်ချက်ပေးခဲ့ပါတယ်။