မာစီယယ်လ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးဆီကနေ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ထားရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တွေဖြစ်ကြတဲ့ ရီယို ဖာဒီနန်နဲ့ ပေါလ် စခိုးတို့ဟာ အိုးထရက်ဖို့ဒ်က အန်သိုနီ မာစီယယ်လ်ရဲ့ ကစားသမားဘဝကို မေးခွန်းထုတ်ခဲ့ပါတယ်။

အန်သိုနီ မာစီယယ်လ်ရဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဘဝဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့အချိန်အတွင်း အနိမ့်အမြင့်၊ အတက်အကျတွေအများအပြားနဲ့ အကောင်းအဆိုး ရောထွေးနေခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ၂၀၁၅ ခုနှစ် နွေရာသီမှာ မိုနာကိုအသင်းကနေ မာစီယယ်လ်ကို ခေါ်ယူခဲ့တဲ့အချိန်မှာ ပရိသတ်တွေဟာ ပြင်သစ်တိုက်စစ်မှူးဆီကနေ ကြီးမားတဲ့ မျှော်မှန်းချက်တွေ ထားရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မာစီယယ်လ်အတွက် ပေါင် ၅၈ သန်းအထိ မြင့်တက်နိုင်တဲ့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းပေးချေခဲ့ရပြီး အဲဒီအချိန်တုန်းက ဆယ်ကျော်သက်ကစားသမားတစ်ယောက်အတွက် အမြင့်မားဆုံးပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာစီယယ်လ်ဟာ အိုးထရက်ဖို့ဒ်မှာ မျှော်မှန်းထားတဲ့ခြေစွမ်းအတိုင်း ပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ကောင်းတလှည့် မကောင်းတလှည့် ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ရီယို ဖာဒီနန်က မာစီယယ်အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ ရှိနေခဲ့တဲ့အချိန်တွေနဲ့ပတ်သက်ပြီး ပျော်ရွှင်နေရဲ့လားဆိုတာကို မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး "ကျွန်တော် သူ မန်ယူနိုက်တက်ရှပ်နဲ့ လုပ်နေတာတွေကို စိတ်ကျေနပ်မှုရှိရဲ့လားဆိုတာ သိချင်ပါတယ်။ သူ့ရဲ့ မန်ယူနိုက်တက်ကစားသမားဘဝမှာ မာစီယယ်လ်က သူရရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ရဲ့လား။ သူ မပျော်ရွှင်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အများကြီးပိုပြီး လုပ်စရာတွေ ရှိနေလို့ပါ။ သူ အိုးထရက်ဖို့ဒ်က မြင်ကွင်းထဲကို ဝင်ရောက်လာပြီး လီဗာပူးလ်နဲ့ပွဲစဉ်က ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ အားလုံးက ဘုရားသခင် ဒီဆယ်ကျော်သက်လေးက ကောင်းလှချည်လား။ ပေါင်သန်း ၅၀ တန်။ သီယာရီ အွန်နရီလက်သစ်များလားဆိုပြီး ဖြစ်သွားခဲ့ကြပါတယ်"

ပေါလ် စခိုးကလည်း မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှု ရရှိဖို့ အိတ်သွန်ဖာမှောက် လုပ်ဆောင်သွားရမှာဖြစ်ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာမှာ ကင်းမဲ့နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "သူ့မှာ အရာအားလုံးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူ နည်းလမ်းပေါင်းစုံနဲ့ သွားနိုင်ပါတယ်။ သူက သန်မာတယ်။ အားကောင်းတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ တစ်ခုတည်းသော မေးခွန်းထုတ်စရာ ဖြစ်နိုင်ပါတယ်။သူ အဲဒါကို လုပ်နိုင်မှာလား။ သူ မန်ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရရှိအောင် စွမ်းဆောင်ပေးမှာလား။ သူ ၂၅ ဂိုး သွင်းယူပေးနိုင်မှာလား။သူက ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပါ့မလား"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။


မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယနေ့အချိန်အထိ ၂၈၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က