ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မလဲလို့ ယုံကြည်လဲဆိုတဲ့မေးခွန်းကိုလည်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့ရဲ့ပြိုင်ပွဲအပေါ် ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးထက် ၂ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေနဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမအကျော့ နူးကမ့်မှာ ၂-၂ နဲ့ သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရရုံနဲ့ နောက်တဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဇာဗီဟာ ကစားသမားဘဝတုန်းက မန်ယူနိုက်တက်ကို ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၂ ကြိမ်အထိ အနိုင်ရရှိခဲ့ဖူးသူဖြစ်ပြီး အရင်ကလို ဥရောပရဲ့အမြင့်မားဆုံးအဆင့်မှာ ယှဉ်ပြိုင်ရမှာမဟုတ်ပေမယ့်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်ဖြစ်နေသေးတာဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်က ပွဲမတိုင်ခင် The Times နဲ့ အင်တာဗျူးမှာ ဇာဗီက ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ရောက်လာခဲ့ပြီးနောက်ပိုင်း တန်ဟက်လုပ်ခဲ့တဲ့အလုပ်တွေအတွက် အပြည့်အဝ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မလဲလို့ ယုံကြည်လဲဆိုတဲ့မေးခွန်းကိုလည်း ဖြေကြားခဲ့တာဖြစ်ပါတယ်။ "အာဆင်နယ်၊ စီးတီးနဲ့ ယူနိုက်တက်တို့က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ရာသီနောက်ဆုံးအပိုင်းကို ကစားသွားကြတော့မှာပါ။ သူတို့တွေ အရမ်းကောင်းကောင်း ကစားနေတယ်။ သူတို့တွေက အားကောင်းပေမယ့် လိဂ်က အရမ်းကိုတောင်းဆိုမှုများပါတယ်။ ကျွန်တော် အနိုင်ရမယ့်သူကို ဟောကိန်းမထုတ်ရဲပါဘူး။ ကျွန်တော် အသင်း ၃ သင်းစလုံးကို အမြင့်မားဆုံး လေးစားမှု ရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က