ငွေပေးကတ်နံပါတ်တွေလည်း ပါသွားခဲ့တာပါ

     ခရီးသည်ပေါင်း သန်း ၅၀၀ ရဲ့ အချက်အလက် ပေါက်ကြားမှုနဲ့ကြုံနေတဲ့ နိုင်ငံတကာ ဟိုတယ်လုပ်ငန်းစုကြီး ဖြစ်တဲ့ Marriott International အတွက်တော့ အဆိုးထဲက အကောင်းလို့ပြောရမှာပါ။

Photo: CNBC


         ၂၀၁၄ ခုနှစ်ကစပြီး Starwood ဟိုတယ်ဧည့်စာရင်း database ထဲက အချက်အလက်တွေ အခိုးခံလိုက်ရမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ကုမ္ပဏီဘက်မှ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ ဟက်ကာတွေ ပါဝင်မယ်လို့ယူဆနေကြပေမယ့် အခုထိတော့ အတည်ပြုလို့မရသေးပါဘူး။

         အစောပိုင်း သတင်းထုတ်ပြန်ချက်များအရ Marriott ပိုင် Starwood ဟိုတယ် database ပေါက်ကြားမှုမှာ ပါသွားခဲ့တဲ့ ဧည့်သည်ပေါင်း ၃၂၇ သန်းရဲ့ နာမည် ၊ အီးမေးလ် ၊ ဖုန်းနံပါတ် ၊ နေရပ်လိပ်စာ ၊ ပတ်စ်ပို့နံပါတ် ၊ မွေးနေ့နဲ့တစ်ခြား ကိုယ်ရေးအချက်အလက်တွေ အခိုးခံခဲ့ရတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲကမှ ဖောက်သည် ၅ သန်းကျော်ရဲ့ စကားဝှက်နံပါတ်တွေပဲ ဟက်ကာတွေလက်ရောက်သွားတာက တစ်နည်းအားဖြင့် ကံကောင်းတယ်လို့ဆိုရမှာပါ။

         Marriott လုပ်ငန်းစုရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ အချက်အလက်ပေါက်ကြားမှုမှာ စိုးရိမ်ရတဲ့ ဖောက်သည်အရေအတွက် ၃၈၃ သန်း မပြည့်ဘူးလို့ဆိုပေမယ့် ကိန်းဂဏန်းအတိအကျ မသိရသေးပါဘူး။ ဘယ်သူမဆို အလွယ်ကလေး ရယူနိုင်အောင် ပေါက်ကြားသွားတဲ့ unencrypted data တွေထဲမှာ passport နံပါတ်တွေ ဖြစ်ဖို့များတယ်လို့ကုမ္ပဏီဘက်က မှတ်ချက်ပြုထားပါတယ်။

         "Marriott အနေနဲ့တရားဝင်မဟုတ်တဲ့ third party တစ်ခုကနေ unencrypted ပတ်စပို့နံပါတ်ပေါင်း ၅.၂၅ သန်း ခန့်ပေါက်ကြားသွားတယ်လို့ယုံကြည်ထားပါတယ်။ ပါသွားတဲ့ အချက်အလက်တွေထဲမှာ encrypt လုပ်ထားတဲ့ ပတ်စပို့နံပါတ်အရေအတွက်ကတော့ ၂၀.၃ သန်းခန့်ရှိနေပါတယ်" လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

         ပတ်စ်ပို့နံပါတ်တွေ အခုလို ပေါက်ကြားမှုဟာ ID အတုလုပ်ပြီး အမှုကျူးလွန်နိုင်တဲ့ ပြဿနာရှိပြီး ဟက်ကာတွေအနေနဲ့သူတို့ရထားတဲ့ အချက်အလက်တွေကို အသုံးချပြီး ဘယ်အစိုးရအာဏာပိုင် ဘယ်နေရာမှာ နေတယ် ၊ သံတမန်နဲ့သူတို့လုပ်ငန်းပြိုင်ဘက်တွေ ဘယ်မှာ ရှိတယ်ဆိုတာ ခြေရာခံလို့ရသွားမှာ ဖြစ်ပါတယ်။ Marriott ကတော့ ငွေပေးကတ်နံပါတ်ပေါင်း ၈.၆ သန်း ပါသွားတယ်လို့ကြေငြာထားပြီး ဒီထဲကကတ်ပေါင်း ၃၅၄၀၀၀ ပဲ သက်တမ်းမကုန်သေးဘဲ သုံးလို့ရနေတာ ဖြစ်တယ်လို့ဆိုပါတယ်။

Photo: Tech Crunch

         ကမ္ဘာ့အကြီးဆုံး hotel chain တစ်ခု ဖြစ်တဲ့ Marriott ဟာ Starwood နဲ့ဒီဟိုတယ်ပိုင်ဆိုင်မှုပေါင်း ၁၂၀၀ ကို ဒေါ်လာ ၁၃ ဘီလျံနဲ့၂၀၁၆ ခုနှစ်ထဲမှာ ဝယ်ယူခဲ့တာပါ။

Share

Loading Next Article...
က္က