ဩစတြေးလျနဲ့ နယူးဇီလန်အခြေစိုက် Esports အဖွဲ့အစည်း Chiefs Esports Club ဟာ မျက်မှောက်ခေတ်ရဲ့ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MARVEL Entertainment နဲ့ လက်တွဲလိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

 ဩစတြေးလျနဲ့ နယူးဇီလန်အခြေစိုက် Esports အဖွဲ့အစည်း Chiefs Esports Club ဟာ မျက်မှောက်ခေတ်ရဲ့ အကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ MARVEL Entertainment နဲ့ လက်တွဲလိုက်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

Marvel Cinematic Universe ရဲ့အောင်မြင်မှုကြောင့် လက်ရှိအချိန်မှာ Marvel ဆိုတဲ့နာမည်ကို အထူးတလည် မိတ်ဆက်ပေးနေစရာမလိုအောင် လူတိုင်းနီးပါး သိရှိပြီးဖြစ်မှာပါ။ Chiefs Esports Club ဟာ Marvel Entertainment နဲ့ ၂ နှစ် သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီကာလတွင်းမှာ Brand နှစ်ခု ပူးပေါင်းကာ အဝတ်အထည်တွေနဲ့ အခြားသော ကုန်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချသွားမှာပဲဖြစ်ပါတယ်။




အဲဒီကုန်ပစ္စည်းတွေထဲမှာ Marvel စူပါဟီးရိုးဇာတ်ကောင်တွေ အသုံးပြုထားမယ့် Limited Edition တွေလည်းပါဝင်လာမှာဖြစ်တာကြောင့် Marvel နဲ့ Chiefs Esports Club နှစ်ခုစလုံးကို အားပေးတဲ့ ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာသတင်းကောင်းပါပဲ။


Chiefs Esports Club ရဲ့ CEO ဖြစ်သူ Nick Bobir ကတော့ MARVEL နဲ့ လက်တွဲလိုက်တဲ့အပေါ် "ဒီလက်တွဲမှုဟာ ကျွန်တော်တို့ အိုရှန်းနီးယားဒေသရဲ့ ဗီဒီယိုဂိမ်းနဲ့ Esports Community အတွက်တော့ သမိုင်းဝင်မယ့်လက်တွဲမှုလို့ဆိုရမှာပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဒေသမှာ Esports ဈေးကွက်ရှိတယ်ဆိုတာ ပြသနိုင်မယ့်အပြင် လက်ရှိထက် ပိုများပြားတဲ့ပြိုင်ပွဲတွေကို ကျင်းပနိုင်တော့မှာကြောင့်ပါ" လို့ပြောကြားခဲ့ပါတယ်။

တကယ်တော့ Marvel အတွက် Esports အသင်းတွေနဲ့လက်တွဲတာ ဒါပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ Marvel ဟာ ရှေ့မှာ ကမ္ဘာ့အကြီးဆုံး Esports အဖွဲ့အစည်းတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ Team Liquid နဲ့ လက်တွဲပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။


Chiefs Esports Club ဟာ ရှားပါးလှတဲ့ Oceania Esports အဖွဲ့အစည်းတွေထဲကတစ်ခုဖြစ်ပြီး သူတို့လက်အောက်မှာ League of Legends, CS:GO, Rocket League, Fortnite စတဲ့အသင်းတွေဖွဲ့စည်းထားတဲ့အပြင် Streamer များစွာနဲ့လည်း စာချုပ်ချုပ်ဆိုထားပါသေးတယ်။


Cheifs Esports Club ကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဩစတြေးလျနဲ့ နယူးဇီလန်လောက်သာ ထဲထဲဝင်ဝင်ပါဝင်လျက်ရှိတဲ့ Oceania Esports Industry ထဲမှာတော့ တော်တော်လေးအောင်မြင်တဲ့အသင်းလို့ဆိုရမှာပါ။ Marvel လို လက်ရှိအချိန်မှာ လွှမ်းမိုးမှုတော်တော်များတဲ့ Brand မျိုးနဲ့ လက်တွဲခွင့်ရတာကတော့ Oceania Esports Industry တိုးတက်ရေးအတွက်ကြိုးပမ်းနေတဲ့ Chiefs Esports Club အတွက် အခွင့်အရေးကောင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က