ကစားသမားရဲ့ ဟန်အမူအရာကတော့ ဒဏ်ရာအနည်းငယ်ပြင်းထန်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ တိုက်စစ်ကစားသမားဆွန်ဟောင်မင်ဟာ မာဆေးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာကြောင့် ပထမပိုင်းမှာပဲ လူစားလဲလှယ်ခံလိုက်ရပါတယ်။ ဒဏ်ရာရရှိခဲ့ချိန်မှာ ဆွန်ဟောင်မင်က တော်တော်လေးနာကျင်နေဟန်ရှိခဲ့ပြီး ဆေးကုသမှုတွေ ခံယူခဲ့ပေမယ့် ဆက်ကစားနိုင်တော့လို့ ဘစ်ဆူမာနဲ့ လူစားလဲလှယ်ခဲ့ရပြီး သူ့ဒဏ်ရာအတွက် တောင်ကိုရီးယားပရိသတ်တွေ စိုးရိမ်နေရပြီဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားကျင်းပဖို့အတွက် ရက်သတ္တပတ်အနည်းငယ်သာလိုအပ်တော့တဲ့အချိန်မှာ ဆွန်ဟောင်မင်က ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ ကစားသမားရဲ့ ဟန်ပန်အမူအယာအရ ဒဏ်ရာက နည်းနည်းတော့ ပြင်းထန်ဖွယ်ရှိတယ်လို့ ယူဆရပြီး ဒါက သူ့ကို ကာတာကမ္ဘာ့ဖလားပွဲနဲ့ လွဲချော်မှာလားဆိုတဲ့ စိုးရိမ်စိတ်တွေကို မြင့်တက်လာစေခဲ့ပါတယ်။ 

ဒီရာသီမှာ စပါးအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအသင်းခေါင်းဆောင်ဖြစ်ပြီး အသင်းကို အဓိကမောင်းနှင်ပေးနေသူလည်းဖြစ်ပါတယ်။ တကယ်လို့ သူသာ ဒဏ်ရာကြောင့် လွဲချော်ခဲ့မယ်ဆိုရင်တော့ တောင်ကိုရီးယားအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်လာမှာ သေချာနေပြီး ပြိုင်ပွဲမှာ ရုန်းကန်ရဖွယ်လည်း ရှိနေပါတယ်။ 

တောင်ကိုရီးယားအတွက် ဆွန်ဟောင်မင်က နောက်ဆုံးကစားပေးခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲတွေမှာ ခြေစွမ်းပြသနေခဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အိုက်စလန်နဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး အဲဒီနောက်မှာတော့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဥရုဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ၂၈ ရက်နေ့မှာ ဂါနာ၊ ဒီဇင်ဘာ ၂ ရက်နေ့မှာ ပေါ်တူဂီတို့နဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က