YBS ၂၁၊၃၉နဲ့၄၀ယာဥ်လိုင်းတွေက ဖြစ်ပါတယ်။

ပုံမှန်ရက်တွေမှာဆို တစ်ရက်ဝင်ငွေ ၂သောင်းဝန်းကျင်ရှိပေမယ့် ကိုဗစ်ကာလမှာ ၇၀၀၀ လောက်သာရကြလို့ တစ်ပတ်စာ ၅သောင်းနီးပါး ဒဏ်ရိုက်ခံခဲ့ရတာပါ။

YBS ယာဉ်လိုင်း ၂၁၊ ၃၉နဲ့ ၄၀ ယာဉ်လိုင်းများ ပြေးဆွဲနေတဲ့ Power Eleven ကုမ္ပဏီက Mask မတပ်ပဲမောင်းနှင်တဲ့ ကုမ္ပဏီက ယာဉ်မောင်း ၁၂ဦးကို တစ်ပတ်အလုပ်ရပ်နားလိုက်တယ်လို့ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက Duwun ကိုပြောပါတယ်။



Mask မတပ်ပဲမောင်းနှင်သူကို ပြစ်ဒဏ်ပေးဖို့ YRTAက မညွှန်ကြားထားပေမယ့်လည်း ကုမ္ပဏီရဲ့ တာဝန်အတိုင်း စည်းကမ်းမလိုက်နာတဲ့သူတွေကို အပြစ်ပေးအရေးယူခဲ့တာလို့လည်း ဦးသက်တင်ဝင်းက ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာ အဆင့် လေးဆင့်နဲ့လုပ်ဆောင်ပါတယ်။ပထမအဆင့်အနေနဲ့ အသိပေးတယ်၊ဒုတိယက သတိပေးတယ်။တတိယက ခံဝန်ထိုးခိုင်းပြီး စတုတ္ထအနေနဲ့ ရာသက်ပန် ကုမ္ပဏီက ထုတ်ပယ်တာမျိုးပါ။အခုလို လုပ်တာကလည်း သူတို့ကိုကူးရင် ကုမ္ပဏီတစ်ခုလုံးရပ်တည်လို့မရတော့တဲ့ အနေအထားမျိုးထိရှိလာနိုင်တဲ့ အတွက် အရေးယူရတာပါ။”လို့ ဦးသက်တင်ဝင်းကပြောပါတယ်။

အခုလို အရေးယူလိုက်တာက ကိုဗစ်ကာလမှာ တစ်ရက်ကို ပုံမှန် ၇၀၀၀ ဝန်းကျင်လောက်လုပ်ခရနေကြတာဖြစ်လို့ တစ်ပတ်စာလုပ်အားခ ၅၀၀၀၀ကျပ်ကို ဒဏ်ငွေရိုက်တာနဲ့လည်း ညီမျှပါတယ်။ 

“ပုံမှန်ရက်တွေဆိုရင် သူတို့ရဲ့ ဝင်ငွေက Operation Cost နှုတ်ပြီး ၃၀ရာခိုင်နှုန်း ခွဲပေးတဲ့အခါမှာ တစ်ရက်ဝင်ငွေ ၂၀၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။အခုကိုဗစ်ကာလမှာတော့ ကားတွေကလည်း ၅၀ရာခိုင်နှုန်းလောက်ပဲထွက်သ လို လူစီးနှုန်းကျသွားတာကြောင့်ရော တစ်ရက်ဝင်ငွေ ၇၀၀၀လောက်ပဲ ရကြပါတော့တယ်။”လို့လည်း ဦးသက်တင်ဝင်းက ပြောပါသေးတယ်။

Power Eleven ကုမ္ပဏီက ၂၁၊ ၃၉နဲ့ ၄၀ ယာဉ်လိုင်းတွေကို စုစုပေါင်း ကားအစီးရေ ၂၅၀ခန့်နဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အခုလို ယာဉ် မောင်းအချို့ကို တစ်ပတ်ရပ်နားလိုက်လို့ ကားတွေကိုတော့ ထပ်မံ လျော့ချပြေးဆွဲသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က