Mask တွေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေ ပြောထားတာဖြစ်ပြီး သိထားသင့်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတဲ့ COVID-19 ဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုကြောင့် surgical face mask ဝယ်ယူမှုတွေ အလွန်မြင့်တက်လာပြီး ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။

surgical mask တွေက နာရီဝက်အကြာပဲ ထိရောက်မှုရှိပါတယ်


(Photo: CNA)

သို့သော် ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေက surgical face mask တွေဟာ လေထဲကနေ ကူးစက်တဲ့ရောဂါကို အနည်းငယ်မျှသာ ကာကွယ်ပေးနိုင်တယ်လို့ ပြောထားပါတယ်။ ဗိုင်းရပ်စ်ကို ခုခံကာကွယ်ရန် ပိုမိုထိရောက်တဲ့ နည်းလမ်းကတော့ အိမ်သာသုံးပြီးနောက်နဲ့ အစာမစားခင်မှာ လက်တွေကို ဆပ်ပြာနဲ့ ရေနွေးသုံးပြီး ဆေးကြောခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အချိန်ကြာကြာတပ်ဆင်ထားလေ ထိရောက်မှုနည်းလာလေပဲ

"ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ ပုံမှန် surgical mask တွေက နာရီဝက်အကြာပဲ ထိရောက်မှုရှိပါတယ်၊ ပြီးရင်တော့ အသက်ရှူမှုကနေတစ်ဆင့် စိုစွတ်လာပါတယ်၊ အဲဒီနောက်ပိုင်းမှာတော့ mask တွေရဲ့ ထိရောက်မှုက အများကြီး လျော့နည်းသွားပါပြီ၊ အချိန်ကြာကြာတပ်ဆင်ထားလေ ထိရောက်မှုနည်းလာလေပဲ" လို့ အမေရိကန်အခြေစိုက် TriHealth ကျန်းမာရေးကုမ္ပဏီမှ ကူးစက်ရောဂါဆိုင် ကျွမ်းကျင်သူ ဒေါက်တာ စတီဖင်ဘလက်တ်က ပြောပါတယ်။

(Photo: Bangkok Post)

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်း UCHealth မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ စီနူးအေပီဝေါ့ကင်ကလည်း face mask တွေဟာ ဗိုင်းရပ်စ်ကို ခေတ္တမျှသာ အကာအကွယ်ပေးနိုင်တယ်လို့ ပြောပါတယ်။ COVID019 ဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက် အယ်လ်ကိုဟောအခြေခံ လက်သန့်စင်ဆပ်ပြာရည်ဖြင့် လက်ဆေးခြင်း၊ ဖျားနာနေသူတွေကို ရှောင်ကြဥ်ခြင်း၊ ဖျားနာနေပါက အိမ်မှာနေခြင်းကဲ့သို့ တုပ်ကွေးကာကွယ်ရေးဆောင်ရွက်မှုမျိုးတွေကိုပင် လုပ်ဆောင်သင့်တယ်လို့ ၎င်းက တိုက်တွန်းပါတယ်။ ထို့အတူ face mask တပ်ဆင်ရာမှာလည်း နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ထားမျိုး ဖြစ်ရမယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အိမ်သာသုံးပြီးနောက်နဲ့ အစာမစားခင်မှာ လက်တွေကို ဆပ်ပြာနဲ့ ရေနွေးသုံးပြီး ဆေးကြောပါ

(Photo: Sun Yeung/SCMP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၂,၆၆၃ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၇၀၁ ဦးအထိ မြင့်တက်လာပါတယ်။

ဖေဖေါ်ဝါရီ ၂၅ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၇,၆၅၈ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀,၁၂၄ ဦးရှိလာပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားလာနိုင်တဲ့ အလားအလာအတွက် ကြိုတင်ပြင်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေး ပြောကြားထားပါတယ်။

Source: USA Today, BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က