ဆုအမျိုးအစား(၄)မျိုးခွဲပြီး ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဦးဆောင်ပြီး ပြုလုပ်တဲ့ Mask ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြသူတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကနေ စိစစ်ပြီး ဆုရွေးချယ်ပေးသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မေလ ၁၆ ရက်က လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ဖော်ပြလာပါတယ်။

“ ပြည်တွင်းက ဆုပေးဖို့ လျာထားတဲ့ Mask တွေကိုတော့ ကျန်းမာရေးဝန်ကြီး ဌာနတာဝန်ရှိသူတွေက စိစစ်ပြီးဆုအတည်ပြုပါမယ်။ ပြည်ပမှ ဆုပေးဖို့ လျာထားသူများကို ကျန်းမာရေးဝန်ကြီးဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်စိစစ်ပါမယ်။ အားလုံးစိစစ်ပြီးတဲ့အခါမှ ဆုရသူတွေစာရင်း ကျွန်မ facebook မှာ တင်ပါမယ်။ “ လို့ အတိုင်ပင်ခံက ဆိုပါတယ်။



ဒါ့အပြင် အတိုင်ပင်ခံက ပြည်သူတွေ သောင်းနဲ့ချီ Mask ပြိုင်ပွဲ ပါဝင်ကြတာကို အံ့သြဝမ်းသာမိကြောင်း၊ ဒီပြိုင်ပွဲအကြောင်းကိုလည်း ဂျပန် NHK သတင်းဌာနကတောင် လွှင့်တယ်လို့သိရကြောင်း ဆိုပါတယ်။

ပြိုင်ပွဲဝင်သူတွေ များလှတာကြောင့် ဆုအမျိုးအစား (၄) မျိုးခွဲထားပြီး ပြည်သူအနှစ်သက်ဆုံး (Like အများဆုံး)၊ တီထွင်ဖန်တီးမှုအကောင်းဆုံး၊ လူထုအကျိုးပြုဆု (လှူဒါန်းဝေဌဖို့ လုပ်ထားတဲ့ Mask တွေထဲက Like အများဆုံး)၊ ပြိုင်ပွဲဝင်ရခြင်းရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး စတဲ့ ဆုတွေကို ရွေးချယ်ချီးမြှင့်ပေးမယ်လို့ ပြောပါတယ်။

ဆုရသူတွေကို ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်မှာဖြစ်ပြီး မှတ်တမ်းလွှာတွေကိုလည်း တစ်မူထူးခြားအောင် လုပ်ဖို့ စဉ်းစားထားကြောင်း၊ ပထမဆုရသူ (၄) ဦးနဲ့လည်း Video Conferencing လုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်သူတွေရဲ့ စိတ်အားထက်သန်စွာ ပါဝင်မှုကြောင်း Mask ပြိုင်ပွဲဟာ ထင်ထားတာထက်ပိုအောင်မြင်လို့ Covid ကိစ္စသာမက အခြားအမျိုးသားရေး စိန်ခေါ်မှုကြီးတွေကိုလည်း ပြည်သူရဲ့ စုပေါင်းအင်အားနဲ့ ကျော်လွှားနိုင်မယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမိုခိုင်မာစေကြောင်း နိုင်ငံတော်အတိုင်ပင်ခံက ပြောသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က