လက်ရှိမှာ ဘာစီလိုနာက ပီအက်စ်ဂျီတိုက်စစ်မှူးနဲ့ အင်တာမီလန်တိုက်စစ်မှူးနှစ်ဦးစလုံးကို စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီက အသင်းအနေနဲ့ လော်တာရိုမာတီနက်ဇ်ကို ခေါ်ယူမှာထက် အသင်းဖော်ဟောင်းနေမာကိုသာ ပိုမိုခေါ်ယူစေချင်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ပီအက်စ်ဂျီတိုက်စစ်မှူးနဲ့ အင်တာမီလန်တိုက်စစ်မှူးနှစ်ဦးစလုံးကို စောင့်ကြည့်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။
နေမာကတော့ ဘာစီလိုနာမှာ မက်ဆီနဲ့ ၄ နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ၂၀၁၇ မှာ နူးကမ့်ကနေ ပီအက်စ်ဂျီကို ပေါင် ၁၉၈သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားနေရာမှာတော့ အခက်အခဲတွေရှိနေခဲ့ပြီး ခေါ်ယူနိုင်ဖို့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
မာတီနက်ဇ်ကို လူးဝစ္စဆွာရက်ဇ်နေရာမှာ ရေရှည်အစားထိုးဖို့ ဘာစီလိုနာက ပစ်မှတ်ထားနေပြီး အသက် ၂၂နှစ်အရွယ်ကစားသမားဟာ အင်တာမီလန်န်ဲ့ ပေါင် ၉ရသန်းတန်ဖိုးရှိတဲ့ လျော်ကြေးစာချုပ်ကို ချုပ်ဆိုထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာကတော့ အဆိုပါနှုန်းထားကို မပေးချင်ဘူးလို့သိရပြီး အင်တာမီလန်ကလည်း စာချုပ်ပါလျော်ကြေးရရှိမှသာ ရောင်းချမယ်လို့ သတင်းလွှင့်ခဲ့ပါတယ်။
စပိန်ရေဒီယိုတစ်ခုဖြစ်တဲ့ Cadena Ser ကို ဘာစီလိုနာအသင်းနဲ့ရင်းနှီးသူတစ်ဦးက ပြောဆိုခဲ့ရာမှာတော့ "လော်တာရို နဲ့ နေမာတို့ကို ရွေးချယ်ဖို့ သူ့မှာအခွင့်အရေးရှိခဲ့မယ်ဆိုရင် မက်ဆီက ဘရာဇီးလ်သားကိုပဲ ရွေးချယ်မှာပါ" လို့ ပြောခဲ့ကြောင်း သိရပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့အတွက် နေမာနဲ့ ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။