ပြိုင်ဘက်အသင်းကစားသမားကို ချီးကျူးခဲ့တာပါ။

အာဆင်နယ်ကို အနိုင်ယူပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ပွဲအပြီးမှာ လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းကစားသမား မာတင်နယ်လီကို တခုတ်တရချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးလ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကလော့ပ်ကတော့ သူ့အသင်းကစားသမားအာနိုးလ်ကို အခက်တွေ့စေခဲ့တဲ့ မာတင်နယ်လီကို တော်တော်လေးသဘောကျနေပြီဖြစ်ပါတယ်။ 

ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ကလော့ပ်က "စကားမစပ်၊ မာတင်နယ်လီဆိုတဲ့ နာမည်ကို ခင်ဗျားတို့ မှတ်ထားကြပါ၊ ဘာလို့လဲဆိုတော့ တော်တော်ထူးချွန်တဲ့ကစားသမားဗျ" လို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ သူ့အသင်းကစားပုံနဲ့ပတ်သက်ပြီးလည်း ကလော့ပ်က ကျေနပ်ပျော်ရွှင်မိတယ်လို့ ပြောဆိုခဲ့ပြီး အံ့အားသင့်ဖွယ်သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

"အံ့အားသင့်စရာသွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဂျိုတာ၊ ဝိုး၊ တကယ်ပါပဲ၊ အရမ်းကောင်းခဲ့တဲ့ ကစားပုံပါ၊ ဒုတိယဂိုးဆိုရင် ဂျိုတာပြေးထွက်သွားမယ်ဆိုတာကို ကွင်းထဲက လူတော်တော်များများမြင်ကြမယ်မထင်ပါဘူး၊ ဒါပေမယ့် ထရန့် (အာနိုးလ်)ကတော့ လုပ်ပြနိုင်ခဲ့ပါတယ်၊ တကယ်ကောင်းမွန်တဲ့ပွဲပါ၊ ဒီပြိုင်ပွဲမှာ ဖိုင်နယ်ရောက်ခဲ့တာ တော်တော်ကြာပါပြီ အခုတော့ အဝတ်လဲခန်းထဲမှာ အဲဒီခံစားချက်က ပြန်ရပါပြီ" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

အာဆင်နယ်ကတော့ ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ အနီးစပ်ဆုံးအဖြစ် ရှိနေခဲ့တဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ဥရောပပြိုင်ပွဲတွေ ဝင်ရောက်ကစားခွင့်မရခဲ့တဲ့ အာဆင်နယ်ဟာ FA ဖလားပြိုင်ပွဲမှာလည်း နော်တင်ဟမ်ဖောရက်စ်ကို အရေးနိမ့်ပြီးထွက်ခွာခဲ့ရလို့ လက်ကျန်ရာသီမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတခုတည်းကိုသာ ကစားရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က