ဘာပေကို လှောင်ပြောင်မှုတွေအတွက် ပြဿနာတက်နေကြတာဖြစ်ပါတယ်။

အာဂျင်တီးနားကြယ်ပွင့် ဒီမာရီယာနဲ့ ပြင်သစ်နောက်ခံကစားသမားဟောင်း ရာမည်တို့ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲက အီမီ မာတီနက်ဇ်ရဲ့ အပြုအမူနဲ့ပတ်သက်ပြီး စကားလုံးစစ်ပွဲ ဆင်နွှဲနေကြပါတယ်။

ဒီမာရီယာနဲ့ ရာမည်တို့ဟာ ပြင်သစ်ကို အာဂျင်တီးနားအသင်းက အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြုလုပ်ခဲ့တဲ့ မာတီနက်ဇ်ရဲ့ အပြုအမူနဲ့ ပွဲအပြီး အမ်ဘာပေကို လှောင်ပြောင်မှုတွေအတွက် ပြဿနာတက်နေကြတာဖြစ်ပါတယ်။ ရာမည်က ဒီဇင်ဘာ ၂၂ ရက်နေ့က အင်စတာဂရမ်အကောင့်မှာ အီမီ မာတီနက်ဇ်ကို ဘောလုံးလောကရဲ့ အကြီးမားဆုံး ခွေးမသားလို့ တည့်တည့်ပဲ ဆဲဆိုခဲ့တာဖြစ်ပြီး ဒီမာရီယာက "El Dibu(မာတီနက်ဇ်ရဲ့ နာမည်ပြောင်) ကမ္ဘာပေါ်က အကောင်းဆုံးဂိုးသမားပဲ။ တခြားနေရာမှာ သွားငိုစမ်းပါ"လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရာမည်ကလည်း ထေ့ငေါ့တဲ့ပုံစံနဲ့ "မင်း ငါ့ကို ဆရာလာလုပ်နေတာလား အိန်ဂျယ်"လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ၄-၂ နဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အီမီလီယာနို မာတီနက်ဇ်ဟာ ပြင်သစ်တွေအတွက်တော့ ဗီလိန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ အချိန်ပို နောက်ဆုံးမိနစ်တွေအတွင်း ကိုလို မူအာနီရဲ့ အပိုင်ဂိုးကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ကင်းစလေ ကိုမန်းရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က