ပြင်သစ်နိုင်ငံရဲ့ ဝန်ကြီးတစ်ဦးဟာ ခီလီယန် အမ်ဘာပေကို နှောင့်ယှက်စော်ကားခဲ့တဲ့ အာဂျင်တီးနားနဲ့ အီမီ မာတီနက်ဇ်တို့ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဖီဖာကို တောင်းဆိုခဲ့ပါတယ်။
အာဂျင်တီနားဟာ တသက်တာအကောင်းဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲထဲက တစ်ပွဲအဖြစ် ပြင်သစ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အချင်းများမှုတွေ၊ စိတ်ခံစားမှုတွေ ပြည့်နှက်နေတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ တောင်အမေရိအသင်းဟာ အလွန်အကျွံအောင်ပွဲခံခဲ့ကြပြီး ၎င်းတို့ရဲ့ အောင်ပွဲခံမှုထဲမှာ အမ်ဘာပေကို ရည်ရွယ်တိုက်ခိုက်တဲ့ ဟာသတွေ အများအပြား ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီဇာတ်လမ်းထဲမှာ အဓိက တရားခံတွေထဲက တစ်ဦးဟာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဖြစ်ပြီး ခီလီယန် အမ်ဘာပေကို လှောင်ပြောင်ခဲ့တဲ့ဟာသတွေကြောင့် ပြင်သစ်ပရိသတ်တွေဟာ ဒေါသထွက်ခဲ့ရပြီး အဲဒီအထဲမှာ ပြင်သစ်ဝန်ကြီးလည်း အပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း အောင်ပွဲခံနေချိန်မှာ မာတီနက်ဇ်က အဝတ်လဲခန်းထဲမှာ အမ်ဘာပေအတွက်တစ်မိနစ်လောက် ငြိမ်သက်ပေးကြဖို့ နောက်ပြောင်ခဲ့ပြီး ဟားတိုက်ရယ်မောသံတွေနဲ့ ဆက်လက်ကခုန်အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် မာတီနက်ဇ်ဟဟာ အာဂျင်တီးနားကို ပြန်လည်ရောက်ရှိပြီးနောက် အောင်ပွဲခံလှည့်လည်ချိန်အတွင်းမှာလည်း အမ်ဘာပေရဲ့ မျက်နှာပုံနဲ့ ကလေးအရုပ်ကို ရင်ခွင်ပိုက်ပြီး လှောင်ပြောင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ပြင်သစ် စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ပြန်လည်ထူထောင်ရေးဝန်ကြီး ဘရူနို လူးမဲက မာတီနက်ဇ်နဲ့ အခြားအာဂျင်တီးနား ပရိသတ်တွေရဲ့အပြုအမူကို ပြစ်တင်ရှုတ်ချပြီး ဖီဖာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်စေချင်နေတာဖြစ်ပါတယ်။
"ဖီဖာက ဘာလုပ်နေတာလဲ။ အားကစားက သန့်ရှင်းမျှတစွာ ယှဉ်ပြိုင်ဖို့ပဲလေ။ အဲဒါက တခြားလူတွေအပေါ် လေးစားမှု ပြသတဲ့အရာပါ။ ရှုံးနိမ့်ခဲ့တဲ့သူတွေအတွက် လေးစားမှု ပြသတဲ့အရာပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။