ကာရေဂါနဲ့ ဆောင်းနက်စ်တို့က မာတီနက်ဇ်ရဲ့ အရပ်အမောင်းကို ဝေဖန်ခဲ့ကြတာပါ။

လီဗာပူးလ်နောက်ခံလူဗန်ဒိုက်က ယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ကို ဝေဖန်နေသူတွေကို တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး အာဂျင်တီးနားနောက်ခံလူဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီးကတည်းက အကောင်းဆုံးပုံစံတွေကို ပြသနေတာလို့ ချီးကျူးသွားခဲ့ပါတယ်။ မာတီနက်ဇ်ကတော့ ယူနိုက်တက်ကို ရောက်လာချိန်မှာ အရပ်အမောင်းနိမ့်တာကြောင့် ကစားဖို့အဆင်ပြေမှာမဟုတ်ဘူးလို့ ဝေဖန်ခံခဲ့ရတာပါ။ 

အေဂျက်ဇ်ကနေ ပေါင် ၅၇ သန်းနဲ့ ပြောင်းရွှေ့လာခတဲ့ မာတီနက်ဇ်က အရပ် ၅ပေနဲ့ ၉ လက်မသာရှိတာပါ။ ဒါဟာ ပရီးမီးယားလိဂ်မှာ အရပ်အပုဆုံးဗဟိုနောက်ခံလူဖြစ်ပြီး ရာသီအစမှာ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ကို ဆက်တိုက်အရေးနိမ့်ခဲ့လို့ သူ့အပေါ် ဝေဖန်မှုတွေက ပိုပြီးပြင်းထန်ခဲ့ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဗဟိုနောက်ခံလူတွေထဲက တဦးအဖြစ် ရှိနေပြီဖြစ်ပြီး ရက်သတ္တပတ်တိုင်းမှာ အားလုံးအံ့အားသင့်လောက်အောင်ကို ခြေစွမ်းပြကစားနေပြီဖြစ်ပါတယ်။ 

ဗန်ဒိုက်က “မာတီနက်ဇ်နဲ့ သူ့အရပ်အမောင်းအကြောင်း ပြောနေတဲ့လူတွေက တကယ့်အမှိုက်သရိုက်တွေဗျ၊ အရပ်နည်းနည်းပိုမြင့်တာက ဗဟိုခံစစ်မှူးအဖြစ် ကူညီပေးနိုင်ပေမယ့် သူ ပရီးမီးယားလိဂ်ကို ရောက်လာကတည်းက ကစားပြနေတာတွေက အရမ်းကောင်းမွန်နေပါတယ်၊ ကျနော်တို့နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း သူ ကောင်းကောင်းလုပ်ပြခဲ့ပါတယ်၊ ယူနိုက်တက်အတွက် တကယ်ကောင်းတဲ့ ခေါ်ယူမှုပါ"

"အရမ်းစိတ်အားထက်သန်ပြီးတော့ ဘောလုံးနဲ့အတူ ကောင်းကောင်းကစားနိုင်တယ်၊ ဒီတော့ သူနဲ့ပတ်သက်ရင် အကောင်းမြင်စိတ်နဲ့ပဲ ကျနော်ပြောရမှာပါ၊ ယူနိုက်တက်အတွက် သူ ကောင်းကောင်းလုပ်နိုင်ဦးမယ်လို့လည်း ကျနော်မျှော်လင့်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ဆောင်းနက်စ်နဲ့ ကာရေဂါတို့က မာတီနက်ဇ်ကို အစဉ်တစိုက်ဝေဖန်ခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်တို့ ရလဒ်မကောင်းချိန်မှာ သူတို့ရဲ့ အဓိကပစ်မှတ်က မာတီနက်ဇ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ခြေစွမ်းပြနေချိန်မှာတော့ သူတို့ဝေဖန်ခဲ့တာတွေ မှားယွင်းတယ်လို့ အခုချိန်ထိ ဝန်ခံခြင်းမရှိသေးတာကိုလည်း မြင်တွေ့နေရပါတယ်။ 

Share

Loading Next Article...
က္က