မာတီနက်ဇ်က ဘာမှလုပ်ရမှာမဟုတ်ဘူးလို့ ရာသီမစခင်ပြောခဲ့တာပါ။

ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဂျင်မီကာရေဂါကတော့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့ပတ်သက်ပြီး သူ ပြောဆိုခဲ့တာတွေ မှားယွင်းခဲ့တယ်လို့ ဝန်ခံလိုက်ပါပြီ။ အေဂျက်ဇ်ကနေ ယူနိုက်တက်ကို မာတီနက်ဇ်က ပြောင်းရွှေ့လာခဲ့ပြီး ချိန်မှာ ကာရေဂါက အရပ်ပုတဲ့ ကစားသမားတဦးက ဗဟိုခံစစ်လူတဦးအဖြစ် ပရီးမီးယားလိဂ်မှာ အံဝင်မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အရပ် ၅ ပေနဲ့ ၉ လက်မသာရှိတဲ့ မာတီနက်ဇ်ဟာ အခြားသောဗဟိုခံစစ်ကစားသမားတွေနဲ့ဆိုရင် အရပ်အမောင်းက ကွာခြားနေတာဖြစ်ပါတယ်။ သူ့ကစားပုံကို မမြင်တွေ့ရသေးချိန်မှာပဲ ကာရေဂါနဲ့ ဂရေမီဆောင်းနက်စ်တို့က ဝေဖန်ခဲ့တာဖြစ်ပြီး တကယ်တမ်းမှာတော့ မာတီနက်ဇ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဗဟိုခံစစ်ကစားသမားတဦးအဖြစ်နဲ့ပါ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ 



အခုအခါမှာတော့ ကာရေဂါက "သူဟာ ထက်မြက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူကောင်သေးငယ်ပြီး ဗဟိုခံစစ်မှာကစားမယ်ဆိုရင် ခင်ဗျားဟာ အထူးကောင်းမွန်တဲ့ကစားသမားဖြစ်ရမှာဖြစ်သလို ကောင်းမွန်တဲ့ကစားသမားဖြစ်ရမယ်ဆိုတာ အသေအချာပါပဲ။ ပရီးမီးယားလိဂ်မှာ ဒီအရွယ်အစားရှိတဲ့သူတစ်ယောက်က ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မထင်ထားခဲ့ပါဘူး"

"ယူနိုက်တက်အသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ အရာတွေမှာ သူဟာ ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ပွဲမှာဆိုရင် သူဟာ လူစားဝင်လာပြီး အသင်းနောက်ကျဂိုးသွင်းတာမှာ သူဟာ မှန်ကန်စွာနဲ့ ပါဝင်ပတ်သက်ခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားမှာလည်း သူဟာ ဒီလိုတိုက်ပွဲတွေကို ကြုံတွေ့ခဲ့ရပါတယ်" လို့ ပြောဆိုသွားခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။ 

မာတီနက်ဇ်ကတော့ အေဂျက်ဇ်မှာ သူနဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြအဲရစ်တန်ဟက်ဂျ်ရဲ့ ယုံကြည်စွာခေါ်ယူမှုနဲ့အတူ အချိန်တိုအတွင်းမှာပဲ ဗာရန်းနဲ့တွဲဖက်ကာ ပုံစံကောင်းရတဲ့ ဗဟိုခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ပရိသတ်တွေရဲ့ ဒီရာသီ သဘောအကျဆုံး ကစားသမားတဦးလည်း ဖြစ်လာခဲ့ပြီး ရက်သတ္တပတ်တိုင်းမှာ သူ့ကိုချီးကျူးသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က