မာတစ်ကို စိတ်မကောင်းဖြစ်နေတာပါ။

ယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါ့ဘာဟာ အသင်းဖော်ဟောင်း မာတစ်ရဲ့ မှတ်ချက်စကားတွေကြောင့် နာကျင်နေရကြောင်း သတင်းတွေက ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ယူနိုက်တက်ကွင်းလယ်မှာ အတူတွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေပါ။



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ မာတစ်က ချဲလ်ဆီးနဲ့ ယူနိုက်တက် အဝတ်လဲခန်းအကြောင်းတွေကို ပြောကြားခဲ့ပါတယ်။ ဒီလိုမျိုး ပြောကြားတဲ့နေရာမှာ ချဲလ်ဆီး ကစားသမားတွေက စည်းကမ်းရှိပြီး လေ့ကျင့်ခန်းနောက်ကျလို့ ဒဏ်ရိုက်ခံရတာမျိုးမရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်မှာတော့ ပေါ့ဘာ၊ ဆန်ချိုတို့လို ကစားသမားတွေက အမြဲတမ်း နောက်ကျခဲ့ပြီး သူတို့ဆီကနေ နောက်ကျကြေး ဒဏ်ငွေတွေ အများအပြား ကောက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့တာပါ။ မာတစ်ရဲ့ ပြောကြားချက်ကို ဂယ်ရီနဗီးလ်က ပြစ်တင်ဝေဖန်ခဲ့ပေမယ့် ရွိုင်ကိန်းကတော့ ထောက်ခံခဲ့ပါတယ်။
ကာယကံရှင်ဖြစ်သူ ပေါ့ဘာကတော့ မာတစ် အခုလိုမျိုး ပြောကြားတဲ့အပေါ် နာကျင်နေပါတယ်။ ပေါ့ဘာဟာ မာတစ်ကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားတာကြောင့် မာတစ်အခုလိုမျိုး ဖွင့်ဟခဲ့တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေဟန်ရှိတာပါ။
ပေါ့ဘာဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက် လက်ရှိ ဂျူဗင်တပ်စ်မှာ ဒဏ်ရာပြဿနာတွေ၊ တားမြစ်ဆေး ပြဿနာတွေနဲ့ ရုန်းကန်ရှုပ်ထွေးနေပါတယ်။ အဆိုပါ ပြင်သစ်လူမျိုး ကွင်းလယ်လူဟာ လက်ရှိမှာတော့ တားမြစ်ဆေးပြဿနာကြောင့် (၄) နှစ်ခန့်အထိ ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ရှိနေပါတယ်။

Share

Loading Next Article...
က္က