နာမည်ကျော် OnePlus တည်ထောင်သူဟောင်းဟာ Nothing အမှတ်တံဆိပ် ပထမဆုံးစမတ်ဖုန်းကို မတ်လတတိယပတ်ထဲမှာ ကြေညာသွားဖို့ ရှိပါတယ်။
The Truth နာမည်နဲ့ မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့ ထုတ်ကုန်မိတ်ဆက်ပွဲမှာ Nothing ထုတ် ပထမဆုံး စမတ်ဖုန်း နဲ့ တခြားထုတ်ကုန်တွေ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Nothing ရဲ့ ပထမဆုံးဖုန်းကို Nothing အမှုဆောင်အရာရှိချုပ် ကားလ်ပိုင် နဲ့ Qualcomm CEO ခရစ္စတီယာနို အေမွန်တို့ ကြည့်နေကြတဲ့ ဓါတ်ပုံက အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။
Qualcomm နဲ့ Partnership လုပ်ထားတဲ့ Nothing ဟာ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်ကုန်မှာ Qualcomm ရဲ့ Flagship Processor ကို သုံးဖို့ သေချာသလောက် ရှိပါတယ်။ လောလောဆယ် ကြားနေရတဲ့ သတင်းတွေအရ Nothing ထုတ် စမတ်ဖုန်းဟာ အတွင်းထဲက Motherboard နဲ့ Wireless Charging Coil တွေကို ထွင်းဖောက်မြင်နိုင်တဲ့ Transparent Body နဲ့ လာမယ် ဆိုတာပဲ ဖြစ်ပါတယ်။
Nothing ဟာ Essential စမတ်ဖုန်း အမှတ်တ့ဆိပ်ကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကမှ ဝယ်ထားတာပါ။ Essential ဆိုတာ Android ဖန်တီးတဲ့ ပရိုဂရမ်မာ အန်ဒီရူဘင် ထောင်ခဲ့တဲ့ Startup ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၇ မှာ စမတ်ဖုန်းတစ်လုံး ထုတ်ခဲ့ပြီးနောက် ၂၀၂၀ မှာ Essential ကုမ္ပဏီကို ဖျက်သိမ်းသွားခဲ့ပြီး Nothing လက်ထဲ ရောက်ခဲ့တာ ဖြစ်ပါတယ်။
OnePlus ကို အောင်မြင်တဲ့ နာမည်ကျော်စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ပဲ့ကိုင်ခဲ့သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ကားလ်ပိုင်ရဲ့ Nothing နည်းပညာ ကုမ္ပဏီဟာ မတ်လ ၉ ရက်နေ့မှာပဲ ရင်းနှီးမြှပ်နှံမှု ရံပုံငွေသစ် ဒေါ်လာ သန်း ၇၀ ထပ်ရထားပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုဟာ ချောမွေ့ဖြောင့်ဖြူးတဲ့ ဒီဂျစ်တယ်အနာဂါတ်ဆိုင်ရာ မျှော်မှန်းချက်ကို နောက်တစ်ဆင့်အမှန်တကယ် ဖြစ်မြောက်လာစေမယ်လို့လည်း ကားလ်ပိုင်က ပြောထားပါတယ်။

Tech Crunch သတင်းတစ်ပုဒ်ကတော့ လာမယ့် ဧပြီလထဲ Nothing တံဆိပ်စမတ်ဖုန်းကို စတင်မိတ်ဆက်ဖြန့်ချိတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။ ဧပြီလဆန်းပိုင်းလောက် ဈေးကွက်ထဲ ရောက်ဖို့ ရှိတဲ့ ဒီဖုန်းဟာ စမတ်ဖုန်းလောကအတွက် စိတ်လှုပ်ရှားစရာ ထုတ်ကုန်သစ်အဖြစ် မြင်ရဖို့လည်း ရှိပါတယ်။