စပါးနဲ့ပွဲ တပွဲတည်းကစားပြီး ၃ ဂိုးသွင်းကာ ရရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းရဲ့ တလတာအကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးသွားခဲ့ပါတယ်။ မတ်လအတွက် ပေးအပ်ချီးမ​ြှင့်ခဲ့တာဖြစ်ပြီး ပေါ်တူဂီတိုက်စစ်မှူးက အဆိုပါကာလအတွင်းမှာ အသင်းအတွက် လိဂ်ပွဲတပွဲတည်းသာ ကစားပေးခဲ့ပေမယ့် အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာပါ။ 

သူဟာ စပါးကို ၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပြီး ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ ဒီစွမ်းဆောင်ရည်က သူ့ကိုအကောင်းဆုံးကစားသမားဆုအတွက် ပရိသတ်တွေ မဲပေးရွေးချယ်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ သူဟာ  ပြီးခဲ့တဲ့လမှာ ပြိုင်ပွဲစုံ ၂ ပွဲတည်းသာ ကစားခဲ့တာဖြစ်ပြီး ကျန်တပွဲကတော့ အေတီကိုနဲ့ ချန်ပီယံလိဂ်ပွဲဖြစ်ပါတယ်။ 

စပါးနဲ့ပွဲမတိုင်ခင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာလည်း ရော်နယ်ဒို မပါဝင်ခဲ့ပါဘူး။ အဆိုပါပွဲမှာတော့ ၄-၁ န​ဲ့ ယူနိုက်တက်တို့အရေးနိမ့်ခဲ့ပါတယ်။ လက်စတာနဲ့ တဂိုးစီသရေကျခဲ့တဲ့ ဧပြီ ၂ ရက်နေ့ပွဲစဉ်ကိုလည်း ရော်နယ်ဒိုလွဲချော်ခဲ့ပြီး သူ မပါဝင်တဲ့ပွဲပေါင်း ၆ ပွဲအထိ ရှိခဲ့ကာ အဆိုပါပွဲအားလုံးကို ယူနိုက်တက်တို့ အနိုင်မရခဲ့ပါဘူး။ 


ဆုရရှိအပြီးမှာတော့ ရော်နယ်ဒိုက ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး သူ့အတွက် အင်အားတခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်တော့ ၃ ကြိမ်မြောက်ရရှိတဲ့ ဆုဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်တလတာအကောင်းဆုံးသွင်းဂိုးဆုကိုလည်း စပါးနဲ့ပွဲက သွင်းဂိုးနဲ့အတူ ရရှိထားခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က