ရခိုင်ပြည်နယ်၊ မောင်တောမြို့ကက မူလတန်းကျောင်းက ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့ နေ့လယ်က ကားတိုက်ခံရပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ် ။
ကလေးငယ် နှစ်ဦးစလုံးသည် နေ့လယ်ကျောင်းဆင်းချိန် ၁ နာရီလောက်မှာ ကားတိုက်ခံခဲ့ရခြင်းဖြစ်ပြီး ၊ ရုပ်အလောင်းကိုတော့ မောင်တောဆေးရုံ ရင်ခွဲရုံကတဆင့် နေအိမ်ကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
" ကလေးတွေက ကျောင်းဆင်းချိန်အိမ်ကိုထမင်းစားပြန်တယ်၊အိမ်ကနေကျောင်းကိုပြန်အသွား လမ်းမှာ အတိုက်ခံလိုက်ရတာ၊ ဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားကြတာ။ တိုက်တဲ့ကားလည်းမမိဘူး။ တိုက်တာကိုသိလိုက်တယ်၊ဘယ်ကားဆိုတာမသိလိုက်ဘူး။ဒါပေမယ့် ခုသိရပြီလို့တော့ကြားတယ်၊ တာဝန်ရှိသူတွေလိုက်နေတယ်" လို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဂရုဏာကွန်ယက်အဖွဲ့မှကိုချစ်ထူးခိုင်ကပြောပါတယ်။
ကားတိုက်ခံရတဲ့ကလေးငယ်တွေကတော့ မောင်တောမြို့၊ ရွှေဗဟို ရွာ က မူလတန်းကျောင်းမှာ ကျောင်းတက်နေတဲ့ အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မချမ်းနု ကလေးနဲ့ အသက် ၅ နှစ်အရွယ် KG ကျောင်းသား မောင်ထွန်းထွန်းလင်းတို့ဖြစ်ပြီး သူတို့ဟာ မောင်နှမတွေဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိတော့ ကလေးတွေကို ကားနဲ့တိုက်ပြေးသွားတဲ့ကားသမားကိုတော့ ဖမ်းဆီးရမိ ခြင်းမရှိသေးဘူးလို့ သိရပါတယ်။