ဟောလီဝုဒ်ရုပ်ရှင်ချစ်သူတိုင်း အသည်းစွဲရတဲ့ မင်းသားကြီး မော်ဂန် ဖရီးမန်းက အီလွန်မတ်စ် fan ပါ။

သူက အီလွန်မတ်စ်ကို လူတင် အားပေးတာ မဟုတ်ဘဲ ရှယ်ယာပါ ဝယ်အားပေးထားတာပါ။ ထရမ့်သမ္မတဖြစ်သွားတဲ့နောက် အောင်ပွဲခံချိန်က နာဇီပုံစံ အလေးပြုလို့ အီလွန်မတ်စ်ကို ဝေဖန်နေချိန် ၂၀၁၆ တုန်းက မတ်စ်ကို မော်ဂန်ဖရီးမန်း ချီးကျူးခဲ့တဲ့ ဗွီဒီယို social media ပေါ် ပြန်တက်လာတာပါ။

အဲ့ဒီတုန်းက CNBC နဲ့ အင်တာဗျူးတစ်ခုမှာ Tesla စတော့ သူဝယ်ထားတာ ဒေါ်လာ ၁ သောင်းဖိုး ရှိတယ်လို့ ပြောဖူးပါတယ်။ အခုအချိန်ဆို အဲ့ဒီစတော့တွေက ဒေါ်လာ ၃ သိန်းကျော် တန်ပါတယ်။ ပြောရရင် အဆ ၃၀ (၃၀၀၀%) တန်ဖိုးတက်လာတာပါ။




CNBC နဲ့ အင်တာဗျူးမှာ မော်ဂန်ဖရီးမန်းက "ကျွန်တော် Tesla ပိုင်တယ်။ ကျွန်တော်က အီလွန်မတ်စ်ရဲ့ ပရိသတ်အကြီးစားပါ။ သူက ကျွန်တော်တို့ သွားနေတဲ့ နည်းပညာပိုင်းမှာ အံ့မခန်း ရှေ့ပြေးအတွေးအမြင်တွေအများဆုံး ရှိတဲ့သူလို့ ထင်တယ်" လို့ ပြောခဲ့ပါတယ်။

"The Shawshank Redemption" ၊ " Million Dollar Baby" တို့နဲ့ ထင်ရှားကျော်ကြားတဲ့ မင်းသားကြီးက အနေကျစ်လျစ်သူပါ။ သူ့မှာ စတော့ ဘယ်လောက်ပိုင်ပြီး ဘယ်လောက်ပေးဝယ်ထားသလဲတို့ ထုတ်ပြောလေ့ မရှိပါဘူး။ တချို့ကတော့ သူဟာ ဒေါ်လာသန်း ၂၅၀ လောက် ချမ်းသာလိမ့်မယ် ခန့်မှန်းထားတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က