မော်လမြိုင်ကမ်းနားလမ်းမှာ တန်ဆောင်မုန်းလပြည့်နေ့ ဆွမ်းအိုးမျှောပွဲကို ဒီနေ့နိုဝင်ဘာလ ၁၈ ရက်နေ့မနက်အစောက ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
photo- Ko Myint Soe
ဆွမ်းအိုးမျှောပွဲကို မနက် (၄) နာရီမှ စတင်ပြီး မော်လမြိုင်မြို့ ကမ်းနားတလျှောက်နဲ့ ကမ်းနားလမ်းရှိ ရှင်ဥပဂုတ္တမထေရ်ကျောင်းဆောင်တွေကို လာရောက်ပြီး ဆွမ်းအိုးမျှောကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
" မနက်အစောကြီးတည်းကကို လူတွေအများကြီး ရောက်နေကြတာ။ ဆွမ်းအိုးမျှောကြ၊ ဆုတောင်းကြပေါ့။ စတုဒီသာကျွေးမွေးတွေကလည်း အများကြီးပဲ ၊ ကျန်တဲ့ နေရာတွေမှာလည်းလုပ်ကြတာမျိုးရှိတယ် " လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မော်လမြိုင်ကမ်းနားလမ်းမှာ ပြုလုပ်တဲ့ ဆွမ်းအိုးမျှောပွဲသည် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အလှူအခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ကျန်တဲ့ ကျိုက္ခမီရေလယ်ဘုရားအပါအဝင်စတဲ့နေရာတချို့မှာလည်း တန်ဆောင်မုန်းလပြည့်နေ့ အခမ်းအနားတွေပြုလုပ်မှုရှိတယ်လို့သိရပါတယ်။