ဂျရတ်သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျာရတ်တယောက် အသင်းမှာ ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ဒီအရာတွေကို ဖောက်ဖျက်ခဲ့ရင် ပေးရမယ့် ဒဏ်ကြေးငွေ အသေးစိတ်က ပရိသတ်တွေကြားထဲ ပျံ့နှံ့နေခဲ့ပါတယ်။ ဂျရတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဗီလာနည်းပြဖြစ်လာခဲ့ပြီးနောက် အသင်းကို စိတ်တိုင်းကျ ပြင်ဆင်နေတာပါ။



ဒီအထဲမှာ ကစားသမားတွေရဲ့ အပြုအမူစည်းကမ်းပိုင်းကိုပါ ထိန်းသိမ်းဖို့ ဂျရတ်က ပြင်ဆင်နေပြီး တင်းကျပ်တဲ့ စည်းကမ်းတွေကို ချမှတ်ထားပါတယ်။ ဒဏ်ကြေးတွေအဖြစ် လေ့ကျင့်ရေးကွင်းကို နောက်ကျခဲ့ရင် ပေါင် (၅၀၀)၊ လေ့ကျင့်ခန်းအစီအစဥ်တွေအတွက် GPS ကို မေ့ခဲ့ရင် ပေါင် (၁၀၀)၊ လေ့ကျင့်ရေးကွင်းထဲ အရောက်နောက်ကျရင် တမိနစ်ချင်းစီအတွက် ပေါင် (၂၀၀) နဲ့ ပွဲနေ့တွေမှာ နည်းပြတွေအပါအဝင် အသင်းအစည်းအဝေးတွေ၊ အသင်းလိုက်ကိစ္စရပ်တွေကို နောက်ကျရင် ပေါင် (၁) ထောင် သတ်မှတ်ထားပါတယ်။

နည်းပြအဖွဲ့ဝင်တေကလည်း တမိနစ်နောက်ကျရင် ပေါင် (၂၀၀)၊ ကစားသမားတွေ အစည်းအဝေးနောက်ကျရင် တမိနစ် ပေါင် (၂၀)၊ ဝတ်စားဆင်ယင်ပုံမှားယွင်းခဲ့ရင် တခုချင်းစီအတွက် ပေါင် (၁၀၀)၊ စားသောက်စားပွဲမှာ ပန်းကန်ပြား၊ ခွက်တွေ ကျန်ခဲ့ရင် တခုချင်းစီအတွက် ပေါင် (၁၀၀)၊ လေ့ကျင့်ရေးကွင်းမှာ အဝတ်အစားတွေ ကျန်ရစ်ခဲ့ရင် တခုချင်းစီအတွက် ပေါင် (၁၀၀) နဲ့ ကားမရပ်ရနေရာတွေမှာ ကားရပ်ခဲ့ရင် ပေါင် (၁၀၀) ဒဏ်ကြေး သတ်မှတ်ထားပါတယ်။



ဒါ့အပြင် အခြားသောကိစ္စရပ်အမျိုးမျိုးအတွက်လည်း ဒဏ်ကြေးငွေတွေ သတ်မှတ်ထားပြီး စည်းကမ်းပိုင်းအဆိုးရွားဆုံး ကစားသမားအနေနဲ့လည်း ပွဲစဥ် (၁) အတွက် သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာ “ကျနော်က စည်းကမ်းအဆိုးရွားဆုံး ကစားသမားပါ” ဆိုတဲ့ စာတန်းပါဝင်တဲ့ အင်္ကျီကိုဝတ်ဆင်ကာ သွေးပူလေ့ကျင့်ခန်းဆင်းရမယ်လို့ သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က