မော်ရင်ဟိုဟာ ဒီရက်သတ္တပတ်အတွင်းမှာတင်ပဲ ရိုးမားနည်းပြရာထူးကနေ အံ့အားသင့်ဖွယ် အထုတ်ခံလိုက်ရပါတယ်။ မော်ရင်ဟိုဟာ ကိုပါအီတလီယာ၊ စီးရီးအေပွဲတို့မှာ နှစ်ပွဲဆက်တိုက် အနီကတ်ထိခဲ့ပါတယ်။
အဲ့ဒီနောက်မှာပဲ အသင်းပိုင်ရှင် ဖရက်ဒ်ကင်တို့ မိသားစုက မော်ရင်ဟိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့နောက် ရိုးမားတာဝန်ရှိသူတွေက အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဒီရော့ဆီကို နည်းပြအဖြစ် ဆက်လက်ခန့်အပ်ခဲ့ပါတယ်။
ဒီလိုမျိုး မော်ရင်ဟို အထုတ်ခံလိုက်ရတဲ့ဖြစ်စဉ်မှာ ကြားထဲကနေ မထင်မှတ်ဘဲ နစ်နာခဲ့ရတဲ့ အသင်းတစ်သင်းရှိနေပါတယ်။ အဲ့ဒါကတော့ မော်ရင်ဟိုရဲ့ အသင်းဟောင်းပဲဖြစ်တဲ့ ချဲလ်ဆီးဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေမှာ လူကာကူကို ရိုးမားထံ အငှားချခဲ့ပါတယ်။
ဒီလိုမျိုး အငှားချတဲ့နေရာမှာ နှစ်သင်းအကြားမှာ အပြီးသတ်ခေါ်ယူခွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၃၇) သန်း ပေးချေရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ နည်းပြအပြောင်းအလဲဖြစ်သွားခဲ့တာကြောင့် လာမယ့်နွေရာသီမှာ လူကာကူအနေနဲ့ ရိုးမားကို အပြီးသတ် ပြောင်းရွှေ့နိုင်ဖွယ်မရှိတော့ပါဘူး။
ဒီရော့ဆီဟာ အသင်းကို အရင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့ အသက်သွင်းချင်နေပါတယ်။ ဒါ့အပြင် သူ့ရဲ့အနာဂတ်အစီအစဉ်တွေမှာလည်း လူကာကူ ပါဝင်ခြင်းမရှိကြောင်း သတင်းတွေက ဖော်ပြနေပြီး ချဲလ်ဆီးအတွက်ကတော့ လူကာကူကို ရောင်းထုတ်ဖို့ ခက်နေချိန်မှာ မော်ရင်ဟိုပါ အထုတ်ခံလိုက်ရတာကြောင့် မထင်မှတ်ဘဲ ဒုက္ခရောက်ခဲ့ရပြီလည်း ဖြစ်ပါတယ်။