မော်ရင်ဟိုကို ဘိုဒိုက ငယ်နိုင်ဖြစ်နေပါပြီ။

နော်ဝေအသင်းငယ်လေးဘိုဒိုကတော့ မော်ရင်ဟိုကို တော်တော်လေးကို နှိပ်စက်နေပါတယ်။ မန​ေ့က ကစားခဲ့တဲ့ ယူရိုပါကွန်ဖရင့်ကွာတားဖိုင်နယ်မှာလည်း ၂-၁ နဲ့ အနိုင်ကစားပြီး ပထမအကျော့ကို အသာစီးရယူသွားခဲ့ပါတယ်။ ဒီနှစ်သင်းက အုပ်စုအဆင့်မှာတုန်းက ရင်ဆိုင်ခဲ့ရသေးပြီး အဲဒီတုန်းကလည်း မော်ရင်ဟိုတယောက် နှစ်ကျော့စလုံးမနိုင်ခဲ့ပါဘူး။ 

ဘိိုဒုကွင်းမှာ ၆-၁ နဲ့ ပက်ပက်စက်စက်အရေးနိမ့်ခဲ့ပြီးတော့ သူ့ကွင်းမှာ ၂-၂ သရေသာကစားနိုင်ခဲ့တာပါ။ မော်ရင်ဟိုရဲ့ နည်းပြဘ၀မှာ အဆိုးဝါးဆုံးရှုံးပွဲကို ဘိုဒိုနဲ့အတွေ့မှာရရှိခဲ့တာဖြစ်ပြီး အုပ်စုအဆင့်ကတက်နိုင်ဖို့ကိုတောင်မှ ရိုးမားတို့ တော်တော်လေးအားထုတ်ခဲ့ရပြီး အခု ကွာတားဖိုင်နယ်ပထမအကျော့မှာလည်း ထပ်ပြီးတော့ အရေးနိမ့်ခဲ့ပြန်ပါပြီ။ 

တသင်းလုံးပေါင်းမှ တန်ကြေးစုစုပေါင်း ယူရို ၁၉ သန်းနီးပါးသာရှိတဲ့ နော်ဝေကလပ်က မော်ရင်ဟိုကို ငယ်နိုင်သဘောဖြစ်နေပါပြီ။ တွေ့ခဲ့သမျှ ၃ ပွဲမှာ တပွဲကိုအနည်းဆုံး ၂ ဂိုးသွင်းထားပြီးတော့ မော်ရင်ဟို ခံစစ်ကောင်းတယ်ဆိုတာကတော့ သူတို့က မှုလောက်စရာမရှိဘူးဆိုတဲ့ ပုံစံကိုပါ ပြသနေလို့ မော်ရင်ဟိုတယောက် ကျားနာခဲ ခဲနေမှာ သေချာပါတယ်။ 

ဒုတိယအကျော့ကို ရောမမှာ ကစားမယ့်ပွဲက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ တကယ်လို့သာ ရိုးမားတို့အနိုင်မရခဲ့ဘူးဆိုရင် တရာသီအတွင်း ဘိုဒိုနဲ့ လေးကြိမ်တွေ့ရာမှာ လေးကြိမ်လုံးမနိုင်တဲ့ မှတ်တမ်းဆိုးကို ရရှိတော့မှာပါ။ ဒါက စပါယ်ရှယ်ဝမ်းဆိုတဲ့ ဂုဏ်ပုဒ်ကို ယူထားတဲ့ မော်ရင်ဟိုအတွက် သိက္ခာကျပြီးရင်းကျ၊ စိတ်နာပြီးရင်နာရတဲ့ အဖြစ်မျိုးဖြစ်လာပါလိမ့်မယ်။ 

Share

Loading Next Article...
က္က