မနေ့ကကစားခဲ့တဲ့ပွဲမှာ ရိုးမားက အတ္တလန္တာကို တလုံးတည်းသောဂိုးနဲ့ အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့ပါတယ်။ ရိုးမားအတွက် အေဘရာဟမ်က သွင်းယူပေးခဲ့တာဖြစ်ပြီး နှစ်ပွဲတက်တိုက် သူက အဖိုးတန်အနိုင်ဂိုးတွေရယူပေးခဲ့ကာ ပွဲပယ်ခံထားရတဲ့ ရိုးမားနည်းပြမော်ရင်ဟိုကိုစိတ်ကျေနပ်စေခဲ့ပါတယ်။
အေဘရာဟမ်ကတော့ အတ္တလန္တာနဲ့ပွဲမှာ အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ရယူပေးအပြီးမှာ သူက ရိုးမားအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၀ အထိ ရရှိခဲ့ပါတယ်။ ဒီရာသီမှာ သူက ပွဲပေါင်း ၃၀ ကစားပေးထားပြီး ဖန်တီးမှုကလည်း ၄ ကြိမ်အထိပြုလုပ်ပေးထားခဲ့တာပါ။ ဒီရာသီထိပ်တန်းလိဂ် ၅ ခုမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၀ အထိရရှိခဲ့တဲ့ ပထမဆုံးသော အင်္ဂလန်ကစားသမားလည်း အေဘရာဟမ်ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးကို ရောင်းချပြီး လူကာကူကို ခေါ်ယူခဲ့တဲ့ ချယ်လ်ဆီးအတွက်တော့ အေဘရာဟမ်ခြေစွမ်းပြနေတာက နည်းနည်းတော့ ကသိကအောက်ဖြစ်နေရမှာ သေချာပါတယ်။ လူကာကူက ချယ်လ်ဆီးအတွက် ၁၁ ဂိုးအထိသွင်းယူပေးထားပေမယ့် သိတ်ပျက်ဖွယ်ရာခြေစွမ်းတွေကို ပြသနေချိန်က ပိုများနေတာလည်းဖြစ်ပါတယ်။ အေဘရာဟမ်ကတော့ မော်ရင်ဟိုလက်အောက်မှာ တိုးတက်လာခဲ့ပြီး အဓိကတိုက်စစ်မှူးဖြစ်နေကာ စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်စာရင်းထဲထိပေါက်နေခဲ့ပါတယ်။