မော်ရင်ဟိုကို ရင့်ရင့်သီးသီး ပြောဆိုခဲ့တယ်လို့ စွပ်စွဲခံနေရတာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ရိုးမားနဲ့ ခရီမိုနီစ်တို့ ကစားခဲ့တဲ့ စီးရီးအေပွဲစဥ်မှာ ရိုးမားနည်းပြ မော်ရင်ဟိုနဲ့ ပြဿနာတက်ခဲ့တဲ့ ဒိုင်လူကြီး မာကိုဆာရာဟာ ရာသီသစ်အတွက် စီးရီးအေရဲ့ ဒိုင်လူကြီးစာရင်းမှာ မပါဝင်လာတော့ကြောင်း သိရှိရပါတယ်။ အဆိုပါ ဒိုင်လူကြီးကို ချန်လှပ်ခဲ့မှုအတွက် စီးရီးအေဘက်က နည်းစနစ်ပိုင်းဆိုင်ရာကို အကြောင်းပြခဲ့ပါတယ်။



ရိုးမားတို့ ခရီမိုနီစ်ကို ရှုံးနိမ့်ခဲ့တဲ့ အဆိုပါပွဲမှာ မော်ရင်ဟိုကို ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့သလို စတုတ္တဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဆာရာကလည်း မော်ရင်ဟိုကို ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။ ဆာရာက “ကိုယ့်သောက်လုပ်ကိုယ်ပဲ အာရုံစိုက်စမ်းပါ” လို့ မော်ရင်ဟိုကို ပြောကြားခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

မော်ရင်ဟိုကတော့ ဒီဖြစ်ရပ်အတွက် ဥပဒေအရပါ ရင်ဆိုင်သွားမယ်လို့ ပြောကြားခဲ့ပေမယ့် ဆာရာကတော့ မော်ရင်ဟိုကို ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ ဆာရာက “ကျွန်တော့်အနေနဲ့ မော်ရင်ဟိုကို တိုက်ခိုက်တာမျိုး ဘာမှမပြောဆိုခဲ့ပါဘူး။ ဒီစကားတွေကို ကျွန်တော် မပြောခဲ့ပါဘူး။ အဲ့ဒီအခိုက်အတန့်မှာ တချို့စကားတွေတော့ ပြောမိမှာပါ”

“မော်ရင်ဟိုကို ခင်ဗျားက တစ်ကွင်းလုံးကို ပြဿနာလုပ်နေတာပဲ။ ကိုယ့်နေရာကိုယ် ပြန်သွား။ ကိုယ့်နေရာကိုယ် ပြန်သွားဆိုပြီးတော့ပဲ ပြောခဲ့မှာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။ မော်ရင်ဟိုကတော့ “ကျွန်တော့်အနေနဲ့ ဥပဒေအရ ရင်ဆိုင်နိုင်မလားဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ ကွင်းလယ်ဒိုင် မာကိုပီချီနီက ကျွန်တော့်ကို အနီကတ်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စတုတ္တဒိုင်က ကံဆိုးစွာနဲ့ပဲ သူ့ကို ကျွန်တော် ဘာပြောခဲ့လဲဆိုတာကို နားမလည်ခဲ့လို့လေ”

“ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စတုတ္ထဒိုင်က ကျွန်တော့်ကို သိပ်အံ့အားသင့်ဖို့ကောင်းတဲ့ နည်းလမ်းမျိုးနဲ့ ပြောဆိုခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုကိုယ်တိုင်ကလည်း လာမယ့်ရာသီ စီးရီးအေရာသီအစ (၁၀) ရက်ကို ပွဲပယ်ခံထားရပြီး ဥရောပမှာလည်း ပွဲစဥ် (၄) ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က