ပထမတကြိမ်တုန်းကလည်း အလွတ်နဲ့ပဲ ထွက်ခွာခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ ရာသီကုန်မှာ အသင်းကနေ အလွတ်ထွက်ခွာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ယာယီနည်းပြရန်းဂ်နစ်ခ်ကိုယ်တိုင်ကလည်း ပေါ့ဂ်ဘာက နောက်ရာသီ သူ ဒီမှာ ရှိတော့မှာမဟုတ်တာ ဖြစ်နိုင်ပါတယ်လို့ ဆိုလိုက်ကာ ပြင်သစ်ကွင်းလယ်လူရဲ့ အနာဂတ်က ရှင်းလင်းသွားခဲ့ပြီဖြစ်ပါတယ်။ 

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုကလည်း ကစားသမားက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာ ပေါ့ဂ်ဘာအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ဒုတိယအကြိမ်မြောက် ထွက်ခွာမှုဖြစ်လာတော့မှာပါ။ ပထမအကြိမ်တုန်းကလည်း သူက ဂျူဗီကို အလွတ်ပြောင်းရွှေ့သွားခဲ့ပြီး စီးရီးအေမှာ အောင်မြင်ခဲ့ကာ ယူနိုက်တက်က ပေါင် ၈၉ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ 

အဲဒီတုန်းကတော့ ပေါ့ဂ်ဘာရဲ့ ပြောင်းရွှေ့ကြေးက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကစားသမားဟောင်းကို မြင့်မားတဲ့ငွေကြေးတွေပေးချေကာ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ အခုတခါမှာတော့ ယူနိုက်တက်ဟာ တပြားတချပ်မှမရဘဲနဲ့ ထပ်မံလက်လွှတ်ရတော့မှာဖြစ်လို့ ကလပ်အသင်းအတွင်း စီမံခန့်ခွဲမှုတွေမှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကို အထင်အရှားမြင်တွေ့နေရပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အောင်မြင်မှုမရခဲ့သလို ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ကိုတောင် ရုန်းကန်နေရတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်ကလည်း အသင်းမှာခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့လီဗာပူးလ်နဲ့ပွဲမှာ ပွဲချိန်အစောပိုင်းကတည်းက ဒဏ်ရာရရှိခဲ့လို့ လူစားလဲလှယ်ခဲ့ရကာ လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်တော့မယ်လို့လည်း မနေ့က သတင်းတွေထွက်ခဲ့ပါတယ်။ 

ဒါကြောင့် လီဗာပူးလ်နဲ့ပွဲမှာ​ ပေါ့ဂ်ဘာအတွက် ယူနိုက်တက်ရဲ့ နောက်ဆုံးပွဲစဉ်တောင်ဖြစ်လာနိုင်ပါတယ်။ သူ့ကိုခေါ်ယူဖို့ အသင်းဟောင်းဂျူဗီနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပြီး ကစားသမားရဲ့ လုပ်ခလစာမြင့်မားမှုကြောင့် ပီအက်စ်ဂျီက အခွင့်အရေးပိုကောင်းနေတယ်လို့လည်း သိရပါတယ်။ 


Share

Loading Next Article...
က္က