ဆီဗီလာရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ရိုးမားနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရင်ဆိုင်ရတော့မယ့် ဆီဗီလာအတွက်တော့ အီတလီကလပ်ရဲ့ မာကျောတဲ့ ခံစစ်ကို ရင်ဆိုင်ရတော့မှာပါ။ မော်ရင်ဟိုက သူအားအထားရဆုံး ခံစစ်ကို အားပြုတဲ့ ကစားဟန်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီခံစစ်ကို ဖြိုခွင်းဖို့အတွက် ဆီဗီလာဟာ တိုက်စစ်မှူးယူဆက်ဖ်အန်နက်စရီကို အားကိုးရမှာ ဖြစ်ပါတယ်။

မော်ရိုကိုတိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ ၂ ဂိုးသွင်းခဲ့သလို ဂျူဗင်တပ်စ်နဲ့ ဆီမီးဖိုင်နယ်ပထမအကျော့မှာလည်း တဂိုးသွင်းခဲ့ပါတယ်။ ဒီရာသီမှာ သူက ဥရောပပွဲတွေကို ၈၅၀ မိနစ်အထိ ကစားခဲ့ပြီ​း ၆ ဂိုးသွင်းကာ ချန်ပီယံလိဂ် ၂ဂိုး၊ ယူရိုပါလိဂ် ၄ ဂိုးအထိ ရရှိထားတာဖြစ်ပါတယ်။ 

ဆီဗီလာအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးထားပြီး မော်ရင်ဟိုရဲ့ ခံစစ်ကို အဓိကခြိမ်းခြောက်မယ့်သူလည်း ဖြစ်ပါတယ်။ ပင်နယ်တီဧရိယာထဲမှာဆိုရင် သူက မြေခွေးတကောင်လို လှုပ်ရှားကာ အခွင့်အရေးကို ချောင်းမြာင်းတတ်သူဖြစ်ပါတယ်။ 

မော်ရင်ဟိုရဲ့ ရိုးမားက ဒီရာသီပြိုင်ပွဲစုံမှာ final third zone အတွင်း ၃၄၂ ကြိမ်အထိ possession won ရခဲ့ပြီး middle third မှာ ၃၁၃ ကြိမ်၊ attacking third မှာ ၆၅ ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါက သူတို့ ခံစစ်ကို ဘယ်လောက်ထိ ကစားခဲ့လဲဆိုတာကို သိသိသာသာတွေ့ရမှာပါ။ ဒါကြောင့်လည်း ယူရိုပါလိဂ် ၁၄ ပွဲမှာ သူတို့က ၁၀ ဂိုးသာ ပေးခဲ့ရပြီး ၆ ပွဲအထိ clean sheet ရခဲ့တာပါ။ 

အန်နက်စရီအနေနဲ့ ဒီနေ့ပွဲမှာ အခွင့်အရေးများများစားစားတော့ ရမှာမဟုတ်တာ သေချာပါတယ်။ မ​ော်ရင်ဟိုရဲ့ ခံစစ်ကစားပုံက သူ့အတွက် စိန်ခေါ်မှုတခု ဖြစ်နေမှာပါ။ ဆီဗီလာအနေနဲ့ ဒီခံစစ်ကို ပြိုကွဲအောင်လုပ်ဖို့ဆိုရင်တော့ အန်နက်စရီအတွက် အများကြီးအထောက်အကူပေးဖို့တော့ လိုပါတယ်။ No 9 Role မှာ ကစားရတာကို စိတ်ကြိုက်အဖြစ်ဆုံးဖြစ်တဲ့ အန်နက်စရီကိုသာ ရိုးမားခံစစ်က ထိန်းနိုင်မယ်ဆိုရင်တော့ ဒါဟာ ဒီပွဲရလဒ်ကိုလည်း အများကြီးသက်ရောက်စေမှာ ဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က