မော်ရင်ဟိုကို ထပ်မံထိုးနှက်ခဲ့သေးတာပါ။

အီတလီတိုက်စစ်မှူးဟောင်းကြီး ကာဆာနိုကတော့ မော်ရင်ဟိုနဲ့ပတ်သက်လို့ အခဲမကျေနိုင်သေးဘဲ အခုချိန်မှာလည်း အဆိုပါ ပေါ်တူဂီလူမျိုးနည်းပြကြီးရဲ့ အသင်းကို ထပ်မံဝေဖန်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကာဆာနိုက ရိုးမားရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့က ကစားဟန်ကို အဓိက ဦးတည်ပြီး ဝေဖန်ခဲ့တာပါ။



လေဗာကူဆင်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ အဆိုပါပွဲမှာ ရိုးမားက တစ်ပွဲလုံး ခံစစ်ပိတ်ကစားခဲ့ပြီး ပြိုင်ဘက်ဂိုးပေါက်ကို ကန်သွင်းခွင့် (၁) ကြိမ်သာရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးပိုင်ဆိုင်မှုကလည်း (၃၀) ရာခိုင်နှုန်းနီးပါးသာ ရှိခဲ့ပြီး မော်ရင်ဟိုရဲ့ဘတ်စ်ကားကွက်အပေါ် အချို့တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

မကြာသေးတဲ့ ရက်သတ္တပတ်တွေကမှ မော်ရင်ဟိုနဲ့ စကားနာအပြိုင်ထိုးခဲ့တဲ့ ကာဆာနိုက အခုချိန်မှာလည်း ရိုးမားရဲ့ ကစားပုံနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလာခဲ့တာပါ။ ကာဆာနိုက “ကျွန်တော် အရင်ဆုံးပြောချင်တာကတော့ အရမ်းကို ပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ရောမမြို့နဲ့ အဲ့ဒီကလူတွေကို ချစ်မြတ်နိုးလို့ပါ”

“ဒါပေမယ့် အစကနေ အဆုံးအထိ တိုက်ပွဲတွေရှိနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ သူတို့က လုံးဝကို မြေကြီးပေါ်လှဲချလိုက်ကြပြီး (၉၈) မိနစ်လောက်ကို ဘာမှမကစားခဲ့ပါဘူး။ နည်းပြဆိုတဲ့လူကတော့ အရာအားလုံးကို သိပ်ကောင်းတယ်ပြောမှာပါ။ ဒါပေမယ့် ဘဝမှာ နပိုလီယံပြောဖူးသလိုပါပဲ။ သူက သန်မာတဲ့သူဆိုတာထက် ကံကောင်းတဲ့ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာပေါ့”

“မော်ရင်ဟိုက အရမ်းကို ကံကောင်းပြီး သူ့ကို လေးစားပါတယ်။ ဒါပေမယ့် သူက တကယ့်‌ သောက်တလွဲအလုပ်ကို လုပ်ခဲ့တာပါပဲ။ ဒါပေမယ့် မနှစ်တုန်းက သူက အသင်းနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး အခု ဒီနှစ်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်နေပါပြီ။ ကျွန်တော်တို့ ရလဒ်တွေကို ဆက်ပြီး စောင့်ကြည့်ကြတာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က