မော်ရင်ဟိုအတွက်တော့ ပိုပိုပြီး​ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

တူရကီလက်ရွေးစင်ကစားသမားဟာ အင်တာအတွက် ဆက်တိုက်ခြေစွမ်းပြနေသူဖြစ်ပြီး ဒီပွဲမှာ တဂိုးသွင်းကာ တကြိမ်ဖန်တီးပေးခဲ့ပါတယ်။ 


ရောမမြေပေါ်မှာ မော်ရင်ဟိုရဲ့ ရိုးမားကို အင်တာမီလန်က ၀-၃ နဲ့ ဂိုးပြတ်ချေမှုန်းခဲ့ရာမှာတော့ အင်တာကွင်းလယ်တိုက်စစ်ကစားသမား ကယ်ဟာနိုဂလူဂ်က အသင်းအတွက် ထောင့်ကန်ဘောကတဆင့် တိုက်ရိုက်ဂိုးသွင်းနိုင်ခဲ့လို့ သိရပါတယ်။ တူရကီလက်ရွေးစင်ကစားသမားဟာ အင်တာအတွက် ဆက်တိုက်ခြေစွမ်းပြနေသူဖြစ်ပြီး ဒီပွဲမှာ တဂိုးသွင်းကာ တကြိမ်ဖန်တီးပေးခဲ့ပါတယ်။ 



ဒီရာသီမှာ အင်တာအတွက် စီးရီးအေ ၁၃ ပွဲမှာ ၄ ဂိုးအထိ ကယ်ဟာနိုဂလူဂ်က ရရှိသွားခဲ့ပြီဖြစ်သလို ဂိုးဖန်တီးပေးမှုကလည်း ၄ ကြိမ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အေစီမီလန်ကနေ ပြောင်းရွှေ့လာပြီးနောက် အင်တာရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရနေသူဖြစ်ကာ ရိုးမားနဲ့အတွေ့မှာတော့ ရှားရှားပါးပါးဆိုသလို ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 


ပွဲကစားချိန် ၁၇ မိနစ်မှာရရှိခဲ့တဲ့ ထောင့်ကန်ဘောကို ညာခြေနဲ့ သူက ကန်တင်ပေးခဲ့ရာမှာ ဘောလုံးက ခါးဖြတ်ဘောအနေအထားနဲ့ ဝေ့ဝိုက်သွားခဲ့ပြီး ရိုးမားဂိုးသမားပေါင်ကြားထဲကပါ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒီမြင်ကွင်းက ခံစစ်ကို အလေးအနက်ထားတည်ဆောက်တတ်တဲ့ ရိုးမားနည်းပြမော်ရင်ဟိုအတွက် တော်တော်လေးတော့ ဒေါသထွက်စရာကောင်းနေခဲ့မှာ သေချာပါတယ်။ 

ရလဒ်တွေဆက်တိုက်ကျဆင်းနေတဲ့ မော်ရင်ဟိုအတွက်လည်း ဖိအားတွေပိုများလာစေခဲ့တဲ့ ရှုံးပွဲဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အိမ်ကွင်းပွဲအရေးနိမ့်ခဲ့ရာမှာလည်း  နည်းပြဘ၀တလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုးမရဘဲ အရေးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို မော်ရင်ဟိုပိုင်ဆိုင်သွားခဲ့ရပြီး ၁၆ ပွဲကစားအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးက အေစီနဲ့ ၁၃ မှတ်အကွာ အဆင့် ၅ နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

Share

က္က