အသက် ၂၃ နှစ်သာ ရှိသေးပြီး ဖူဟမ်အသင်းနဲ့ပွဲမှာ ကွင်းတစ်ဝက်လောက်ကနေ တစ်ကိုယ်တော် ဆွဲဝင်လာပြီး ဖူဟမ်ကစားသမား ၂ ဦးလောက်ကို ကျော်ဖြတ်သွင်းယူခဲ့မှုကို ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းချီးကျူးနေကြတာ ဖြစ်ပါတယ်။
အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီယိုမာရှယ်ရဲ့ အရည်အချင်းဟာ တစ်ချိန်မှာ ရော်နယ်ဒိုလို ဖြစ်လာ တော့မယ်လို့ နည်းပြဆိုးလ်ရှားက မှတ်ချက်ပြု ပြောခဲ့တယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
မာရှယ်ဟာ ဖူဟမ်ကို ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာ ပေါ့ဂ်ဘာရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ မာရှယ်ရဲ့ သွင်းဂိုးကတော့ ကွင်းတစ်ဝက်လောက်ကနေ တစ်ကိုယ်တောင်အစွမ်းနဲ့ ဘောလုံးကိုသယ်ယူလာခဲ့ပြီး ဖူဟမ်ကစားသမား ၂ ဦးလောက်ကို ကျော်ဖြတ်ကာ လှလှပပကန်သွင်းခဲ့တာပါ။
ဒါကြောင့် မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း သူ့ကို ရော်နယ်ဒိုနဲ့ ခိုင်နှိုင်းထားပါသေးတယ်။
“သူ့ကစားဟန်က ဆင်တူဟန်ရှိလာပါပြီ။ သူကစားခဲ့တဲ့ဟန်နဲ့ သွင်းခဲ့တဲ့ဂိုးကတော့ ရော်နယ်ဒို့ ပုံစံအတိုင်းနီးပါးကို ဆင်တူနေတော့တာပါပဲ၊ သူ့အနေနဲ့ ရော်နယ်ဒိုလိုအဆင့်မျိုးရောက်ချင်ရင်တော့ သူဘာ ဆက်လုပ်ရမလဲဆိုတာ သူကောင်းကောင်းသိမှာပါ။” လို့ ဆိုးလ်ရှားက မှတ်ချက်ပြု ပြောခဲ့တာပါ။
ရော်နယ်ဒိုဟာ မန်ယူမှာ ကစားစဉ် ၁၁၈ ဂိုးအထိသွင်းယူခဲ့ပြီး အဓိက ဆုဖလားပေါင်း ၈ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ မာရှယ်ကိုတော့ မန်ယူက ၂၀၂၄ ခုနှစ် မတိုင်ခင်အထိ စာချုပ်သက်တမ်းတိုးထားနိုင်ပြီ ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စာချုပ်ခေါ်ယူစဉ်ကတည်းက လူငယ်ကစားသမားတွေအနက် ဈေးအကြီးဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရသူပါ။