တန်ဟက်ဂျ်က မာရှယ်ကို ဦးစားပေးအဖြစ်သတ်မှတ်ထားပါတယ်။

အသင်းကနေ ထွက်ခွာချင်နေပြီး အနာဂတ်မသေမချာဖြစ်နေတဲ့ ရော်နယ်ဒိုဟာ အခုတပတ်မှာစတင်ကစားမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အရန်ခုံကနေသာ ပါဝင်ရမယ်လို့ သတင်းတွေထွက်နေပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သူဖစြဖ်ပြီး တပတ်လုပ်ခ ပေါင် ၃၆၀၀၀၀ ရရှိနေပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရရှိတာကြောင့် ထွက်ခွာချင်နေခဲ့တာဖြစ်ပါတယ်။ 



အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးက ရာသီကြိုခြေစမ်းခရီးစဉ်တွေကို မလိုက်ပါခဲ့သလို အသင်းနဲ့ လေ့ကျင့်မှုတွေကိုလည်း ပြီးခဲ့တဲ့တပတ်အတွင်းကမှ စတင်ထားခဲ့တာဖြစ်ပါတယ်။ ဗယ်လက်ကာနိုနဲ့ပွဲမှာ သူ ၄၅ မိနစ် ဝင်ရောက်ကစားခဲ့ပြီး နည်းပြတန်ဟက်ဂျ်ကတော့ ကစားသမားရဲ့ ကြံ့ခိုင်မှုအနေအထားက အသင်းကသတ်မှတ်ထားတဲ့ အဆင့်မျိုးမှာမရှိသေးလို့ လေ့ကျင့်မှုတွေထပ်လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

တန်ဟက်ဂျ်က ဘရိုက်တန်နဲ့ပွဲအတွက် ရာသီကြိုခြေစမ်းပွဲတွေမှာ ခြေစွမ်းပြခဲ့တဲ့ ဆန်ချို၊ အန်သိုနီမာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို အသင်းတိုက်စစ်ပိုင်းအတွက် နေရာပေးသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာရှယ်ရဲ့ ကြံ့ခိုင်မှုအနေအထားအပေါ် တန်ဟက်ဂျ်စိတ်ပူနေပြီး ပြင်သစ်ကစားသမားဟာ အေတီကိုနဲ့ကစားခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ 

မာရှယ်က ရာသီကြိုခြေစမ်းပွဲတွေမှာ တန်ဟက်ဂျ်စိတ်ကြိုက်ဖြစ်အောင် ခြေစွမ်းပြထားခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်၊ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေ့စ်တို့ကို ဂိုးသွင်းယူခဲ့ပ​ြီး ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့နဲ့ အတွဲအဖက်မိမိကစားပြခဲ့သူလည်းဖြစ်ပါတယ်။ မာရှယ်သာ မကစားနိုင်ဘူးဆိုရင်တော့ ရော်နယ်ဒိုကို အသုံးပြုဖို့ကိုသာ တန်ဟက်ဂျ်က ရွေးချယ်ရတော့မှာလည်းဖြစ်ပါတယ်။ 

လက်ရှိအခြေအနေအရ ရော်နယ်ဒိုက ဒုတိယဦးစားပေးပုံစံဖြစ်နေပါတယ်။ ကြံ့ခိုင်မှုပြည့်၀လာပြီး အသင်းကစားကွက်မှာ လိုက်လျောညီထွေရှိလာခဲ့မယ်ဆိုရင်တော့ ဦးစားပေးတိုက်စစ်မှူးအဖြစ်နဲ့ သူ့ကို တန်ဟက်ဂျ်က အသုံးပြုဖို့တော့ စဉ်းစားဖွယ်ရှိနေပါတယ်။ အခုအချိန်မှာတော့ မာရှယ်ကိုပဲ တန်ဟက်ဂျ်က ဦးစားပေးဖို့ ရွေးချယ်ထားတယ်လို့ Daily Mail က သုံးသပ်ဖော်ပြခဲ့ပါတယ်။ 

Share

က္က