ဒေါ့မွန်နဲ့ပွဲမှာ မာရက်ဇ် ပင်နယ်တီ ထပ်လွဲခဲ့တာပါ။

မနေ့ညက ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ မာရက်ဇ်တယောက် ပင်နယ်တီလွဲခဲ့တဲ့နောက် ဒီကစားသမားဟာ ပင်နယ်တီကန်တဲ့အခါမှာ သီအိုရီရှိကြောင်း ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပေးနေကြပါတယ်။ မာရက်ဇ်ရဲ့ ပင်နယ်တီလွဲချော်မှုနဲ့အတူပဲ မန်စီးတီးတို့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးနှစ်ပွဲဆက် ဂိုးပေါက်ပျောက်၊ နိုင်ပွဲပျောက်ဖြစ်ခဲ့ရပါတယ်။



ပရိသတ်တွေ နားလည်လိုက်တဲ့ သီအိုရီကတော့ မာရက်ဇ်ဟာ အသင်းက ဦးဆောင်ထားချိန်မှာ ကန်သွင်းခွင့်ရရှိခဲ့တဲ့ ပင်နယ်တီတွေကို လွဲချော်လေ့မရှိဘဲ အသင်းအတွက် ဂိုးလိုအပ်နေချိန်မှသာ ပင်နယ်တီလွဲချော်လေ့ရှိတယ်ဆိုတဲ့အချက်ပါ။ မာရက်ဇ်ဟာ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်းပွဲမှာလည်း ပင်နယ်တီ မဝင်ခဲ့ဘဲ အသင်းကလည်း သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မနေ့ညက ဒေါ့မွန်နဲ့ပွဲမှာ မာရက်ဇ်ရဲ့ ပင်နယ်တီကန်ချက်ကို ဒေါ့မွန်ဂိုးသမား ကိုဘယ်လ်က ကာကွယ်နိုင်ခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ပရိသတ်တွေက “မာရက်ဇ်ရဲ့ ပင်နယ်တီမှတ်တမ်းက ဒီသီအိုရီ မှန်ကန်တယ်ဆိုတာကို သက်သေပြနေပြီ။ သူက အရေးကြီးတဲ့အချိန်တွေဆိုရင် ပင်နယ်တီမဝင်ဘဲ သက်သောင့်သက်သာနဲ့ ဖိအားမရှိမှသာ ပင်နယ်တီဝင်တာပါ” “မာရက်ဇ်ရဲ့ သီအိုရီက မှန်ကန်နေပါပြီ”

“မန်စီးတီးသာ သုံးဂိုးပြတ်လောက်နဲ့ ဦးဆောင်နေရင် မာရက်ဇ်တယောက် ပင်နယ်တီလွဲချော်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ မာရက်ဇ်ဟာ သူ့ရဲ့ ကစားသမားဘဝ ပင်နယ်တီ (၃၂) လုံး ကန်သွင်းခဲ့တဲ့နေရာမှာ (၁၀) လုံးအထိ လွဲချော်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးအနေနဲ့လည်း ပင်နယ်တီလွဲချော်မှုက (၂၅) လုံးအထိ ရှိလာခဲ့ပြီး ဒါက ပြဿနာတခုဖြစ်ကြောင်း ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။ ဒီလိုမျိုး အရေးကြီးတဲ့အချိန်တွေမှာ ပင်နယ်တီလွဲနေတဲ့ မာရက်ဇ်အစား အဓိကတိုက်စစ်မှူး ဟာလန်းကိုသာ ပင်နယ်တီကန်ခွင့်ပေးသင့်ကြောင်းလည်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ 

Share

Loading Next Article...
က္က