လူမှုကွန်ယက်မှာ သတင်းတွေက ပိုဆိုးလာတယ်။

ရုပ်ရှင်ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တက်နေတဲ့ အကယ်ဒမီမေသန်းနုရဲ့ သတင်းတွေအပေါ် ကူညီဖြေရှင်းသွားမယ်လို့ သိရပါတယ်။

Photo: Nyi Nyi



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်ကတော့ ငွေကြေးလိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မေသန်းနုအတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ မဆင့်ရဲ့ အခက်အခဲတချို့ကိုလည်း ဝိုင်းဝန်းကူညီပေးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

“ အခုလောလောဆယ်တော့ တွေ့ဖို့အစီအစဉ်မရှိသေးပါဘူး။ အွန်လိုင်းပေါ်က ကိစ္စလေးတွေကိုတော့ အစည်းအရုံးက ကူညီဖြေရှင်းပေးဖို့ရှိတယ်။ မဆင့် ဒီလိုကိစ္စတွေဖြစ်တော့မှ Facebook မှာ ရေနိမ့်ရာ ဝါးကူထိုးတာမျိုးတွေ တက်လာတာရှိတယ်။ အဲဒါလေးတွေကို ဝိုင်းကူဖြေရှင်းပေးဖို့တော့ စီစဉ်နေတယ်” ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Nyi Nyi

ဦးညီညီထွန်းလွင်ဟာ ဒါရိုက်တာတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ်က မေသန်းနုနဲ့ရိုက်ခဲ့တဲ့ ဇာတ်ကားတွေ အများကြီးပါတဲ့။ မဆင့်အခုလို အခက်အခဲဖြစ်သွားတာကလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ မကောင်းတဲ့အချိန်မှာ ငွေရင်းနှီးလိုက်တဲ့အတွက် အရှုံးပေါ်သွားတာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။

“ မဆင့်နဲ့ကျတော့ ကိုယ်က မောင်နှမလိုလည်းဖြစ်နေတယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ လုံးဝမသိလိုက်ဘူး။ အခုလိုဖြစ်မှပဲ သိတာ။ မဆင့်က ကျွန်တော်သိရသလောက် တစ်ခါမှ နာမည်ပျက်လည်း မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဘယ်အရာတွေက သူ့အတွက်အခက်အခဲတွေ ဖြစ်သွားစေသလဲဆိုတာ မသိဘူး။ ဆောက်လုပ်ရေးလုပ်ငန်း ထိခိုက်သွားတာတော့ သိတယ်။ အဲဒီမှာ တော်တော်လေးအထိနာသွားတယ်ထင်တယ်” လို့ ဆိုပါတယ်။

Photo: May Than Nu

သရုပ်ဆောင် မေသန်းနုနဲ့ ဦးညီညီထွန်းလွင်တို့ဟာ မောင်နှမလို ဆက်ဆံရေးမျိုးပါလို့ သူကဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးချင်တဲ့ ဆန္ဒရှိပါတယ်တဲ့။

“မဆင့်က ကိုယ့်လုပ်ဖော်ကိုင်ဖက်ဆိုတော့ ညီအစ်ကိုမောင်နှမတွေလိုဖြစ်နေတာ။ စိတ်မကောင်းဘူး။ တကယ်ဆို စောစောစီးစီးသိရရင်တော့ ဝိုင်းဝန်းပြီး တက်နိုင်သလောက်ကူညီလို့ရတာပေါ့။ ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး ရှိရှိမရှိရှိ ကိုယ့်လုပ်ဖော်ကိုင်ဖက် ဒုက္ခရောက်နေတော့ ကူညီချင်တာပေါ့နော်။ ဒါပေမယ့် ဖြစ်သွားတော့ မတတ်နိုင်ဘူးပေါ့” လို့ သူကပြောပါတယ်။

Photo: May Than Nu

သရုပ်ဆောင် မေသန်းနုကိုတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဒီနေ့(ဇန်နဝါရီလ ၂ ရက်) က အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ကျခံဖို့ ရန်ကင်းတရားရုံးကနေ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေသန်းနုဟာ ၂၀၁၆ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း စိတ်ဝင်တစားရှိခဲ့ကြသလို သူမကို ချစ်တဲ့ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က