သစ်တံခါးကျောင်းမှာ အလှူသွားလုပ်ခဲ့တာပါ။

မင်းသွေးကွယ်လွန်သွားခဲ့တာ (၄)လပြည့်လို့ သွားခဲ့ပါပြီ။ မင်းသွေး(၄)လပြည့်နေ့လေးမှာ ကျန်ရစ်သူမိသားစုက လှိုင်သာယာ၊ သစ်တံခါးကျောင်းမှာ အလှူအတန်းတွေ သွားလုပ်ခဲ့တယ်လို့ သိရပါတယ်။

Photo : ဉာဏ FB

မင်းသွေးဟာ သူချစ်တဲ့ အနုပညာအလုပ်တွေ၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေကို ခွဲခွာသွားခဲ့တာဆိုရင် (၄) လတိတိပြည့်သွားပါပြီ။ ၂၀၁၈ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးဟာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီ(၃) ရက်နေ့က (၄)လပြည့်လို့သွားပါပြီ။



သရုပ်ဆောင် နေတိုးအပါအဝင် ကျန်ရစ်သူမိသားစုတွေဟာ မင်းသွေးအတွက် လစဉ်လတိုင်းအလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ပေးခဲ့သလို (၄)လပြည့်တဲ့နေ့မှာလည်း ကျန်ရစ်သူ မိသားစုက လှိုင်သာယာ၊ သစ်တံခါးဆရာတော်ကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

လှိုင်သာယာ၊ သစ်တံခါးကျောင်းဟာ မင်းသွေးရှိစဉ်က အလုပ်တွေ အားတဲ့အချိန်တိုင်း အဓိဌာန်ဝင်နေကျ ကျောင်းလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျန်ရစ်သူမိသားစုဟာ သစ်တံခါးကျောင်းတိုက်မှာ ဆွမ်းနဲ့လှူဖွယ်ပစ္စည်းဝတ္ထုအစုစုတို့ကို မင်းသွေးအားရည်းစူးပြီး သွားရောက်လှူဒါန်းခဲ့ပုံလေးတွေကို ဓာတ်ပုံဆရာ ဉာဏရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၃) ရက်နေ့က တင်ထားခဲ့ပါတယ်။

Photo : ဉာဏ FB

ထို့အပြင် သရုပ်ဆောင် နေတိုးဟာ ညီငယ်နဲ့အတူ ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ သာသနာပြုလုပ်ငန်းတွေကို မင်းသွေးမရှိတော့ပေမယ့်လည်း ဆက်လုပ်သွားဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“မင်းသွေးလည်း ဖြစ်ချင်ခဲ့တဲ့ ကြေးသွန်းဘုရားကို ကိုယ့်ရခိုင်ပြည်နယ်မှာ ဘုရား၊ စေတီပုထိုးတွေနဲ့ အလှူအတန်းတွေလုပ်ချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အနုပညာကြေးတွေနဲ့ စုပေါင်းပြီးတော့မှ ကြေးသွန်းဘုရားကို လှူဒါန်းဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ မင်းသွေးမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့ မိသားစုတွေ ဦးစီးပြီးတော့မှ ဒါကို ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ ကိုယ့်မွေးရပ်မြေမှာ သာသနာပြုလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ရှိပါတယ်’’ လို့ ဇန်နဝါရီ(၂၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အောင်သမာဓိ ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။



Photo : ဉာဏ FB

မင်းသွေးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ည ၁၁ နာရီမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ဒီနေ့အချိန်ထိလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေက သတိတရရှိနေတုန်းပါပဲ။ 

Share

Loading Next Article...
က္က