လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်

သမ္မတဒေါ်နယ်ထရမ့်တင်တဲ့ အငြင်းပွားဖွယ်ပို့စ်ကို ဖြုတ်ချအရေးယူမှု မလုပ်ခဲ့တဲ့ Facebook CEO မတ်ခ်ဇူကာဘတ်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့တဲ့ ဝန်ထမ်းတစ်ဦး အလုပ်မှ အထုတ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဆီယက်တဲလ်မှ Facebook ရဲ့ User Interface အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဘရန်ဒန်ဒေးလ်ဟာ Facebook ကနေ တည်ဆောက်ထားတဲ့ tool တစ်ခုအကြောင်း ရေးထားတဲ့ ဝက်ဘ်ဆိုက်မှာ Black Lives Matter ဆိုတဲ့ banner စာကြောင်းထည့်ဖို့ ငြင်းဆန်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် လူသိရှင်ကြား ဝေဖန်ရာကနေ အလုပ်ပြုတ်သွားခဲ့တာ ဖြစ်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။




Photo: smalltechnews

banner ထည့်မပေးဖို့ ငြင်းခဲ့တဲ့ ဝန်ထမ်းဟာ နိုင်ငံရေးမှာ မပါချင်တာကြောင့် အခုလို ငြင်းဆန်ခဲ့တာ ဖြစ်တယ်လို့ ဒေးလ်က အဲ့ဒီဝန်ထမ်းရဲ့ နာမည်တပ်ပြီး Tweet မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ ဒေးလ်ဟာ ထရမ့်ရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး Facebook CEO ရဲ့ ရပ်တည်ချက်ကိုလည်း ဝေဖန်ကန့်ကွက်ခဲ့သူ ဖြစ်ပါတယ်။ ဒေးလ်ကို အလုပ်ထုတ်လိုက်ကြောင်း Facebook ဘက်က အတည်ပြုထားပေမယ့် အသေးစိတ်အချက်တွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။ 

လူမည်းအမျိုးသားတစ်ဦးဖြစ်တဲ့ ဂျော့ချ်ဖလွိုက် သေဆုံးမှု ဖြစ်ပြီးနောက်ပိုင်း Facebook ရဲ့ ရပ်တည်ချက်အပေါ် ဝန်ထမ်းတွေဟာ ရှားရှားပါးပါး သပိတ်မှောက်ကန့်ကွက်ခဲ့ကြပါတယ်။ ဇွန်လဆန်းပိုင်းကပဲ ဘရန်ဒန်ဒေးလ်အပါအဝင် ရာနဲ့ချီတဲ့ Facebook ဝန်ထမ်းတွေဟာ သမ္မတထရမ့်ရဲ့ အကြမ်းဖက်မှုပါတဲ့ ပို့စ်ကို မဖြုတ်ချတဲ့အပေါ် သပိတ်မှာက်ခဲ့ကြပါတယ်။ 

Facebook ကတော့ ထရမ့်ရဲ့ ပို့စ်ဟာ အကြမ်းဖက်မှု မြောက်တယ်လို့ မသတ်မှတ်ခဲ့ဘဲ လူမှုကွန်ရက်ပေါ်မှာ ဆက်လက်ထားရှိခဲ့ပါတယ်။ Twitter ကတော့ ထရမ့်ရဲ့ ပို့စ်ကို အကြမ်းဖက်မှုအားပေးတယ်ဆိုပြီး ပလက်ဖောင်းပေါ်ကနေ မမြင်အောင် Hide လုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်မှာတော့ Facebook CEO မတ်ခ်ဇူကာဘတ်ခ်ဟာ ကုမ္ပဏီရဲ့ မူဝါဒကို ပြန်သုံးသပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

Share

Loading Next Article...
က္က