Facebook ပဲ နေ့တိုင်း သုံးရတာ ငြီးငွေ့လာပြီလား။ ဘာစည်းမျဉ်း ညာစည်းမျဉ်းနဲ့ငြိပါတယ်ဆိုပြီး အပိတ်ခံရတာ စိတ်ကုန်နေပြီလား။ အခုပြောမယ့် social apps တွေ ပြောင်းသုံးကြည့်တာ မမှားပါဘူး။
(၁) Twitter

Photo: Backstage
Facebook နဲ့လုံးဝ ပုံစံကွဲလွဲပြီး Tweets တွေနဲ့အချင်းချင်း ဆက်သွယ်တဲ့ လူမှုကွန်ရက်ပါ။ နောက်ဆုံးရ သတင်းတွေ တက်တဲ့နေရာမှာ အမြန်ဆုံး social media အဖြစ် သတ်မှတ်ခံထားရလို့သတင်းစိတ်ဝင်စားသူတွေအတွက် စမ်းသုံးသင့်ပါတယ။်
(၂) WhatsApp

Photo: PocketMeta
video call ခေါ်လို့ရမယ့် soical apps ရှာနေတယ်ဆိုရင် WhatsApp က ဦးစားပေး စဉ်းစားသင့်တဲ့ app တစ်ခု ဖြစ်ပါတယ်။ အခုဆို ဒီ WhatsApp ကို သုံးနေသူကလည်း သန်းပေါင်း ၁ ထောင် ကျော်နေပြီဖြစ်လို့တကယ့်လူမှုကွန်ရက်အကြီးထဲ မွေ့လျော်လိုသူတွေအတွက် စိတ်ဝင်စားဖို့ကောင်းမှာပါ။ ဒါထက် မကြာသေးခင်ကမှ သူငယ်ချင်း ၄ ယောက်အထိ တစ်ချိန်တည်း video call ခေါ်လို့ရမယ့် Group call ပါလာလို့အဝေးရောက် ဘော်ဒါနဲ့မိသားစုတွေအတွက် အလွန်အသုံးဝင်မှာပါ။
(၃) VK

Photo: Flickr
အမှန်က Vkontakte လို့ခေါ်တာပါ။ ရုရှားရဲ့ အကြီးဆုံး ဆိုရှယ်ကွန်ရက်ပလက်ဖောင်းဖြစ်ပြီး Facebook နဲ့အတော်လေး ဆင်တဲ့ feature တွေ ပါရှိပါတယ်။ လောလောဆယ် Facebook က မြန်မာနိုင်ငံက အရာရှိကြီးတွေ နဲ့အဖွဲ့အစည်းတွေကို ban လိုက်ပြီးနောက် လူသိများနေပါတယ်။
ဒီကောင်လေးကတော့ မဖြစ်မနေ စမ်းသုံးသင့်ပါတယ်။ မကြာခင်မှာ သူကလည်း ဒုတိယ Facebook ဖြစ်သွားနိုင်တာကြောင့် ကိုယ်က အရင်ဆုံး ဆရာကျနေဖို့အစောဆုံး ဝင်မွှေထားတာ မမှားပါဘူး။
(၄) Pinterest

Photo: lifewire
Pinterest မှာ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကို ကိုယ့်ဘုတ်မှာ pin တွဲထားပြီးသိမ်းထားနိုင်ပါတယ်။ ဒီနည်းနဲ့ကိုယ်စိတ်ဝင်စားတဲ့ အိမ်တွင်းအလှဆင်နည်း ၊ ဆံပင်စတိုင်ပုံသွင်းနည်း ၊ အချက်အပြုတ် ၊ မင်္ဂလာဆောင် နဲ့ဖက်ရှင် အစုံလေ့လာလို့ရပါတယ်။ ဒီ app ရဲ့ အဓိက အားသာချက်က သူ့ကဏ္ဍနဲ့သူ သပ်သပ်ရပ်ရပ် ရှိသလို pro တွေဆီကနေ တိုက်ရိုက်လေ့လာနိုင်တာပါပဲ။ အာရုံမနောက်ချင်သူတွေ သုံးဖြစ်အောင် သုံးစေချင်ပါတယ်။
(၅) LinkedIn

Photo: strive3
တကယ်တော့ LinkedIn က ဘဝတက်လမ်းအတွက် အခွင့်အရေးတွေ အများကြီးပေးနေတဲ့ နေရာပါ။ အလုပ်အကိုင်ရှာဖွေရေး အသားပေးထားပေမယ့် အဓိက ဦးတည်ချက်က ပညာတတ် လူ့အသိုင်းအဝိုင်းတစ်ခုထဲ ဝင်ရောက်ဖို့အတွက် လမ်းခင်းထားတဲ့ app ဖြစ်လို့ပါပဲ။
ဘာသာစကား ၂၀ ကျော် နဲ့ဖြန့်ချိထားပြီး မတူကွဲပြားတဲ့ စီးပွားရေး နယ်ပယ်က လုပ်ငန်းရှင်နဲ့ကျွမ်းကျင်သူတွေနဲ့မိတ်ဆွေ ဖြစ်ခွင့်ရသလို ကိုယ့်ရဲ့ အရည်အသွေးကိုလည်း ကမ္ဘာက သိအောင် ကြေငြာနိုင်တဲ့ social media ဖြစ်ပါတယ်။
အခုပြောခဲ့တာတွေကတော့ မဖြစ်မနေ စမ်းသုံးသင့်တဲ့ social apps တွေပါ။ တကယ်တမ်းမှာတော့ ဒီထက် ပိုပြီး လူသိများတဲ့ ၊ features စုံပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ apps တွေ အများကြီး ကျန်သေးတာ ဖြစ်လို့အလျဉ်းသင့်တာနဲ့နောက်ထပ် မိတ်ဆက်ပေးသွားမှာပါ။