သူမရဲ့ စိတ်ကူးလေးတွေကို အမြဲဖော်ပြတတ်သူတစ်ယောက်ပါ။

စိတ်ကူးထဲက အကြောင်းအရာလေးတွေကို အမြဲတမ်းရေးသားလေ့ရှိတဲ့ မအေးသောင်းက မိတ်ဆွေအစစ်နဲ့ မိတ်ဆွေ အတုကို ခွဲခြားပြောပြလာပါတယ်။

Photo: မအေးသောင်း



မအေးသောင်းက သူမခံယူထားတဲ့ မိတ်ဆွေအစစ်၊ မိတ်ဆွေ အတု ကို ခွဲခြားပြောပြလာပါတယ်။ မအေးသောင်းက အခုလက်တလောမှာ သူ့စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ စာသားလေးတွေကို ရေးသားလေ့ရှိတဲ့သူ တစ်ယောက်ပါ။

‘’သူတို့အကျိုးရှိလို့ ကိုယ့်အပေါ်ချိုသာစွာဆက်ဆံတိုင်း မိတ်ဆွေစစ်လို့သတ်မှတ်လို့မရပါဘူး။ ကိုယ်အဆင်မပြေ တဲ့ အချိန် ကိုယ်ဒုက္ခရောက်ချိန်မှာမှ ဘယ်သူကဘယ်လိုဆက်ဆံတယ်ဆိုတဲ့အချိန်မှာ မိတ်ဆွေစစ် မိတ်ဆွေတု ကို သိရှိနိုင်ပါတယ်တဲ့’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက် ၁၀ နာရီ ၄၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Photo: မအေးသောင်း

အေးဝတ်ရည်သောင်းက သူ့ရဲ့ စိတ်ကူးထဲက အကြောင်းအရာလေးတွေကို မကြာခဏ စာသားအဖြစ် ချရေးတတ်ပါတယ်။ တိုက်ဆိုင်မှုရှိတဲ့ စာသားတွေဆိုရင်လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ပြီး မျှဝေဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’အဲလို့ အတုအစစ်ခွဲခြားသိပြီးရင်လည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။ သူတို့ဆီကရတဲ့ အကောင်းဆုံး သင်ခန်းစာကို ဘဝအတွက် အကျိုးရှိရှိအသုံးချ မှတ်သားနိုင်ဖို့သာအဓိကပါ။ ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်ရတာမို့ သူများအပေါ်မှီခိုလွန်းတာ မသေချာပါဘူး။ ကိုယ့်အခက်အခဲတွေကို ကိုယ့်ဘာသာဖြေရှင်း တာအကောင်းဆုံးပဲမဟုတ်လား။ စူပါ စနေပါ’’ဆိုပြီးတော့ ဆက်လက်ရေးသားထားပါတယ်။

Photo: မအေးသောင်း

အချစ်ရေးအကြောင်းတွေအမြဲတမ်း တင်ဖြစ်နေတဲ့ အေးဝတ်ရည်သောင်းက ချစ်သူရှိတယ်လို့ဝန်ခံထားပေမယ့် အခုချိန်ထိ သူ့ရဲ့ချစ်သူက ဘယ်သူဆိုတာကိုထုတ်ပြတာမျိုးမရှိသေးပါဘူး။ မအေးသောင်းရဲ့ ချစ်သူက သူ့ထက်လည်း ငယ်သလို မင်းသားတစ်ယောက်လည်းမဟုတ်ဘူးဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြောပြခဲ့ဖူးပါတယ်။

Photo: မအေးသောင်း

၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က