ဟန်လေးကိုတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် တီဗီဖန်သားပြင်ပေါ်မှာ ပထမဆုံး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ''ရင်ခွင်ရှင်းတမ်း''ဇာတ်လမ်းတွဲမှာ မအေးသောင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။
ဟန်လေးက ပထမဆုံးအကြိမ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ '' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်လည်း အကောင်းဆုံး ကြိုးစားသွားမယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
'' ဟန်လေးကို ချစ်တဲ့ ပရိသတ်တွေကတော့ ဝမ်းသာနေမှာပေါ့နော်။ ဒီဇာတ်ကားကို ပထမဆုံး ရိုက်ရမှာဖြစ်တဲ့အတွက် ထွက်လာခဲ့တယ်ဆိုရင်လည်း လွှင့်တဲ့နေ့ကျရင် အသိပေးမှာပါ။ ဟန်လေး ပရိသတ်တွေလည်း အားပေးဖို့ အဆင်သင့်ဖြစ်နေမယ်လို့လည်း ယုံကြည်ပါတယ်။ အကောင်းဆုံးလည်း ကြိုးစားနိုင်ဖို့ ယုံကြည်ထားတယ်'' လို့ သူကဆိုပါတယ်။
ဟန်လေးကို အလှမယ်တစ်ယောက် အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ သူ့ အနေနဲ့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ အခါမှာလည်း ကိုယ်တိုင် ကြိုးစားအားထုတ်မှုတွေ လုပ်သွားမယ်လို့ ''ရင်ခွင်ရှင်းတမ်း'' ကန်တော့ပွဲ မှာ ပြောခဲ့တာဖြစ်ပါတယ်။
'' ဟန်လေးတို့အတွက်ကတော့ အနုပညာအပိုင်းမှာ ရွေးချယ်ခွင့် နည်းလာတယ်။ အဲ့ဒီအတွက် ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ ကမ်းလှမ်းလာခဲ့တယ်ဆိုရင် ဇာတ်ညွှန်းတောင်းကြည့်တယ်။ ဇာတ်ညွှန်းက အဆင်မပြေဘူးဆိုရင်တော့ မရိုက်ဖြစ်ဘူး အချိန်ကုန်တာပေါ့နော်။ ဒါပေမယ့် ရွေးချယ်စရာတွေကလည်း အများကြီးတော့ မရှိပါဘူး။ ကိုယ့်အတွက် အဆင်ပြေတာဆိုရင်တော့ ချက်ချင်းလက်ခံလိုက်တယ်'' လို့ ဆိုပါတယ်။
'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲမှာ ဟန်လေးနဲ့ မအေးသောင်းကို အချစ်ဆုံး သူငယ်ချင်းတွေအဖြစ် တွေ့ရမှာပါ။
'' ကာရိုက်တာကတော့ ပေါ့ပေါ့ပါးပါးပဲ ဘာကြောင့်လဲဆိုတော့ ဟန်လေးက ဆေးကျောင်းတက်နေတယ်။ ဒါပေမယ့် ကျောင်းမပြီးသေးတဲ့ ကောင်မလေးပေါ့နော်။ အဲ့ဒါကို ဆေးကုမ္ပဏီမှာ ဝန်ထမ်းအနေနဲ့ ဝင်ပြီးတော့ အလုပ်လုပ်တယ်။ အဲ့ဒီမှာ ဟန်လေးနဲ့ မအေးသောင်းက အရင်းနှီးဆုံးနဲ့ အချစ်ဆုံး သူငယ်ချင်းတွေအဖြစ် သရုပ်ဆောင်ရမှာပေါ့'' သူကဆိုပါတယ်။
'' ရင်ခွင်ရှင်းတမ်း'' ရုပ်သံဇာတ်လမ်းတွဲကို 7 Sense Production က ထုတ်လုပ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ဟိန်းဝေယံ၊ အုပ်သာကျော်၊ ငြိမ်းသော်၊ အေးဝတ်ရည်သောင်း၊ သွန်းဆက်၊ ဟန်လေး၊ သီရိစိုး၊ ခေးလရောင် တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။