မရောင်းချရမီ ပျောက်ဆုံးသွားတဲ့ ထီလက်မှတ်တွေထဲကနေ ပေါက်ဂဏန်းပါခဲ့ရင် ဂဏန်းပြန်လည်ရွေးချယ်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။
Photo- အောင်ဘာလေ ထီ
မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၃ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲအတွက် ထီလက်မှတ်တွေ ဖြန့်ချီရာမှာ မရောင်းချရသေးမီ လမ်းခရီးမှာ ထီလက်မှတ်အစောင်ရေ ၁၄၁၃၅ စောင်ပျောက်ဆုံးခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီထီလက်မှတ်တွေက အောင်ဘာလေသိန်းဆုဌာနခွဲ(မန္တလေးရုံးခွဲ)ကနေ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ကို စာတိုက်ချောနဲ့ ပို့ဆောင်ရာလမ်းခရီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဒီထီတွေဟာမရောင်းရသေးတာကြောင့် မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက် ထီဖွင့်တဲ့နေ့မှာ အဲ့ဒီ ထီလက်မှတ် နံပါတ်တွေက ဆုမဲတွေထွက်ပေါ်လာတယ်ဆိုရင် အထူးဆုကြီးစနစ်ဖြစ်စေ ဆုတစ်ဆုချင်းစနစ်တွင်ဖြစ်စေ ရောင်းချရတဲ့ ထီလက်မှတ် ဂဏန်းထွက်ပေါ်လာတဲ့အထိ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ဇန်နဝါရီ ၁၁ ရက်က အောင်ဘာလေသိန်းဆုဌာနခွဲကကြေညာထားတာပါ။
အကယ်၍ ဝေေ၀ဆာဆာပဒေသာ ဆုမဲစနစ်မှာ ပေါက်နေရင် ဆုမဲတန်ဖိုး စုစုပေါင်းအတွက် ဖွင့်လှစ်ပေးမယ့် ဆုမဲတွေ ကြေညာပြီး အစားထိုးပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။