၂၀၁၈ မှာ ပေါင် ၁၉သန်းနဲ့ ခေါ်ယူထားခဲ့တာပါ။

ပေါ်တူဂီနောက်ခံလူဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ လေးပွဲသာပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံအားဖြင့် ၁၀ ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။


ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ မော်ရင်ဟိုလက်ထက်မှာ ခေါ်ယူခဲ့တဲ့ ပေါ်တူဂီညာနောက်ခံလူဒါလော့ကို ရောင်းချဖို့အတွက် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ အာရွန်ဝမ်ဘစ်စ်ကာကြောင့် ယူနိုက်တက်မှာ ပုံမှန်နေရာမရဖြစ်နေတဲ့ ဒါလော့အတွက် အနာဂတ်ပါ မသေမချာဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ 

ဒါလော့ကို ပေါ်တိုကနေ ပေါင် ၁၉သန်းနဲ့ မော်ရင်ဟိုက ၂၀၁၈ မှာ ခေါ်ယူခဲ့တာဖြစ်ပြီး ယူနိုက်တက်ညာအစွန်ခံစစ်အတွက် ဆယ်စုနှစ်တစ်ခုစာ စိတ်အေးရပြီလို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားက သူ့လက်ထက်မှာ ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဘစ်စ်ကာကို ပေါင်သန်း၅၀ နဲ့ ခေါ်ယူခဲ့ပြီး ကစားသမားကလည်း ခြေစွမ်းပြနိုင်ခဲ့လို့ ဒါလော့က နေရာပျောက်ခဲ့ရပါတယ်။ 

ပေါ်တူဂီနောက်ခံလူဟာ ယူနိုက်တက်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ လေးပွဲသာပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံအားဖြင့် ၁၀ ပွဲသာ ကစားထားနိုင်ခဲ့ပါတယ်။ သွင်းဂိုးတစ်ဂိုးရရှိထားပြီး အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲအဖြစ် ထရမ်းမဲလ်နဲ့ ကစားခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ 

ဘစ်စ်ကာကတော့ သူ့ရဲ့မန်ချက်စတာယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဘောလုံးရာသီမှာပဲ ပြိုင်ပွဲစုံ ၃၄ ပွဲအထိ ကစားပေးထားနိုင်ခဲ့ပြီး ၂ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဆန်ချို၊ ဟယ်ရီကိန်း၊ ဆောလ်နီဂွက်ဇ်တို့ကို ခေါ်ယူချင်နေပြီး အသင်းရဲ့ ကစားသမားတချို့ကို ရောင်းချကာ ငွေကြေးရှာဖွေဖို့ အားထုတ်နေတာလည်းဖြစ်ပါတယ်။ 

ဒါလော့အနေနဲ့ ပေါ့ဂ်ဘာ၊ လင်ဂတ်၊ စမောလင်း၊ ဖီးလ်ဂျုံးစ်တို့နဲ့အတူ အသင်းကထွက်ခွာရနိုင်တဲ့ ကစားသမားအဖြစ်ရှိနေပါတယ်။ ဒါလော့ရဲ့ တန်ကြေးကို ပေါင်သန်း ၃၀ အထိ ယူနိုက်တက်က သတ်မှတ်ဖွယ်ရှိနေပြီး စပါးနည်းပြအဖြစ် တာဝန်ယူနေတဲ့ မော်ရင်ဟိုက ပြန်လည်ခေါ်ယူဖွယ်ရာရှိတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က