ဗစ်တိုးရီးယားနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ဖြေသွားခဲ့တာပါ။

မော်ရင်ဟိုက အမ်မရီနေရာအစားထိုးမယ်လို့ ထိပ်ဆုံးက ရေပန်းစားနေပြီး အာဆင်နယ်အသင်း တာဝန်ရှိသူတွေ က သီးသန့်တွေ့ဆုံစကားပြောထားပြီးကြပြီလို့လည်းသိရပါတယ်။

လက်ရှိ အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်း အမ်မရီက ရလဒ်တွေ မကောင်းလို့ အသင်းက အခြားနည်းပြတစ်ဦး ကို အစားထိုးဖို့ လုပ်ဆောင်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။



အစားထိုးမယ့် နည်းပြကတော့ အရင် ယူနိုက်တက် နည်းပြ ဖြစ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဖြစ်ပြီး ဒီအပေါ်မှာတော့ လက်ရှိ တာတန်ထမ်းဆောင်ဆဲ နည်းပြ တစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်သလဲဆိုတဲ့ မီဒီယာရဲ့ အမေး အပေါ်မှာတော့ အမ်မရီက အခုလိုပဲ လှလှပပ ပြန်လည်ဖြေခဲ့တယ်လို့ Sportskeedaသတင်းဌာနကဖော်ပြလာပါ တယ်။

“ကျွန်တော်က နည်းပြ တစ်ယောက်ပါ၊အနာဂတ်ထက် လာမယ့် စနေနေ့မှာကစားရမယ့်ပွဲအပေါ်ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။”လို့ အရိုးရှင်းဆုံး ဖြေသွားခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး ၃ ပွဲသရေ တစ်ပွဲရှုံးနိမ့်ထားတာလည်း ဖြစ်ပါတယ်။



လက်ရှိ အူနိုင်း အမ်မရီလက်ထက်မှာ မနှစ်တုန်းကလိုပဲ ရာသီသိမ်းခဲ့တဲ့ အဆင့် ၅ မှာပဲ အဆင့် ၄ က ချဲလ်ဆီးထက် ၆မှတ်လျော့အနေအထားနဲ့ ရပ်တည်နေပါတယ်။

ကနဦး သတင်းတွေအရ အာဆင်နယ်အသင်းက အူနိုင်းကို နောက်ထပ် ၄ ပွဲလောက်သာ စောင့်ကြည့်သွားတော့ မယ်လို့ သိထားရပြီး လာမယ့်စနေနေ့မှာ ကစားရမယ့် လက်စတာနဲ့ အဝေးကွင်းပွဲက အမ်မရီအတွက် အင်မတန် အရေးကြီးတဲ့ ပွဲလည်း ဖြစ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က