မော်ရင်ဟိုကတော့ ၂၀၁၈ ဒီဇင်ဘာလအတွင်းမှာ ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

လင်ဒီလော့ဖ်ဟာ မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ၂၀၁၇ ဇွန်လမှာ ဘင်ဖီကာကနေ ပေါင် ၃၁သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံလူလင်ဒီလော့ဖ်က သူ့အနေနဲ့ ဘောလုံးလောကမှာ မော်ရင်ဟိုကို ပြန်လည်မြင်တွေ့ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ကစားသမားဘဝကိုလည်း မော်ရင်ဟိုက အများကြီးကူညီပေးခဲ့လို့ ကျေးဇူးတင်မိတယ်လို့လည်း ဆွီဒင်နောက်ခံလူကပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

လင်ဒီလော့ဖ်ဟာ မော်ရင်ဟိုရဲ့ ခေါ်ယူမှုကြောင့် ၂၀၁၇ ဇွန်လမှာ ဘင်ဖီကာကနေ ပေါင် ၃၁သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ လင်ဒီလော့ဖ်ရဲ့ အမြင့်ဘောဖျက်ထုတ်ပုံအားနည်းမှုအပေါ်မှာ မော်ရင်ဟိုက ဝေဖန်မှုတွေရှိနေခဲ့ပေမယ့် ကစားသမားကတော့ သူ့ရဲ့ နည်းပြဟောင်းအပေါ် အပြစ်မမြင်ဘဲ သတိရမိနေကြောင်း ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။

"သူက ကမ္ဘာအ့ကောင်းဆုံးနည်းပြတွေထဲက တစ်ဦးပါ၊ သူ့အနေနဲ့ အသင်းကြီးတစ်သင်းသင်းမှာ နည်းပြအဖြစ် ရှိနေသင့်ပါပြီ၊ ဘောလုံးလောကထဲမှာ သူ့ကိုမမြင်တွေ့ရတဲ့အတွက် ကျွန်တော်သတိရမိပါတယ်၊ သူက နည်းပြကောင်းတစ်ဦးဖြစ်ပြီး ကြီးမြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်၊ သူက ကျွန်တော့်ကို အခွင့်အရေးအများကြီးပေးခဲ့သူပါ၊ ကျွန်တော့်အတွက် အရာရာကို သယ်ဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်"

"ကျွန်တော့်အတွက် သူ လုပ်ဆောင်ပေးခဲ့တာတွေအတွက်လည်း ကျေးဇူးတင်ပါတယ်၊ သူက သြဇာတိက္ကမကြီးမားသူလည်းဖြစ်လို့ လေးစားမှုရရှိသင့်တဲ့ လူတစ်ဦးဖြစ်ပါတယ်၊ အရာရာတိုင်းကို အောင်မြင်ခဲ့သူဖြစ်ပြီး သူ တစ်ခုခုပြောချိန်တိုင်းမှာ အလေးထားပြီးတော့ အာရုံစိုက်နားထောင်ရပါလိမ့်မယ်" လို့ လင်ဒီလော့ဖ်က Aftonbladet နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။


မော်ရင်ဟိုကတော့ ၂၀၁၈ ဒီဇင်ဘာလအတွင်းမှာ ယူနိုက်တက်နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းနည်းပြအူနိုင်းအမ်မရီရဲ့ နေရာကိုအစားထိုးဝင်ရောက်ဖို့အတွက် မော်ရင်ဟိုက ရေပန်းစားနေပါတယ်။

Share

က္က