ပိုချက်တီနိုကို ထုတ်ပယ်ပြီး ချက်ချင်းဆိုသလို ခန့်အပ်ခဲ့တာပါ။

၂၀၂၂-၂၃ ဘောလုံးရာသီအထိ မော်ရင်ဟိုကို စာချုပ်ချုပ်ဆိုခဲ့တာကဖြစ်ပြီး စပါးအသင်းဟာ မော်ရင်ဟိုအတွက်တော့ ၃သင်းမြောက်ကိုင်တွယ်ရမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်လာခဲ့ပါတ်ယ။


တော့တင်ဟမ်ဟော့စပါးအသင်းဟာ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်လိုက်ပြီလို့ တရားဝင်အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ပိုချက်တီနိုကို ထုတ်ပယ်ခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပဲ စပါးက မော်ရင်ဟိုကို ခန့်အပ်ခဲ့တာဖြစ်ပြီး တရားဝင်ဝက်ဘ်ဆိုက်ကနေ အတည်ပြုကြေညာသွားခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီအထိ မော်ရင်ဟိုကို စာချုပ်ချုပ်ဆိုခဲ့တာကဖြစ်ပြီး စပါးအသင်းဟာ မော်ရင်ဟိုအတွက်တော့ ၃သင်းမြောက်ကိုင်တွယ်ရမယ့် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်လာခဲ့ပါတ်ယ။ ပေါ်တို၊ အင်တာမီလန်၊ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ပေါ်တူဂီသားနည်းပြကြီးကို ပရီးမီးယားလိဂ်မှာ ပြန်လည်တွေ့မြင်ရတော့မှာလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကစားရမယ့် အသင်းဟောင်းယူနိုက်တက်နဲ့ပွဲကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ အသင်းဟောင်းနဲ့ စောစောစီးစီးရင်ဆိုင်ရမှာဖြစ်လို့လည်း စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ မော်ရင်ဟိုဟာ တစ်နှစ်ခန့်အကြာ နည်းပြလောကကနေ ကင်းကွာနေခဲ့သူလည်းဖြစ်ပါတယ်။

"ဘောလုံးလောရဲ့အအောင်မြင်ဆုံးနည်းပြတစ်ဦးကို ကျွန်တော်တို့ ခန့်အပ်နိုင်ခဲ့ပါတယ်၊ သူက အတွေ့အကြုံကြွယ်ဝပြီး အသင်းကို စိတ်ပိုင်းဆိုင်ရာအရ တိုးတက်မှုတွေ ပြုလုပ်နိုင်မှာပါ၊ သူက နည်းစနစ်ကောင်းမွန်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး အသင်းတိုင်းမှာလည်း အောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပါတယ်၊ သူက အသင်းအဝတ်လဲခန်းအတွင်းကို ကောင်းမွန်မှုတွေအများကြီး ယူဆောင်လာနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ အသင်းဥက္ကဌဒယ်နီယယ်လီဗိုင်းက ပြောဆိုခဲ့ပါတယ်။

Share

က္က