နည်းပြအမ်မရီကို ထုတ်ပယ်ဖို့ အနီးစပ်ဆုံးအခြေအနေရောက်နေပြီလို့ သတင်းတွေထွက်ပေါ်နေတာပါ။

အာဆင်နယ်အသင်းဟာ နည်းပြအမ်မရီကို ထုတ်ပယ်ဖို့ နီးစပ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေချိန်မှာ အသင်းဥက္ကဌ ရာအူးလ်ဆန်လယ်ဟီက ပြီးခဲ့တဲ့အပတ်မှာ ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်သွားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အူနိုင်းအမ်မရီဟာ ပြီးခဲ့တဲ့စနေနေ့က ဝုဗ််နဲ့တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဖိအားတွေ ပိုမိုမြင့်တက်လာခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အမ်မရီကို ထုတ်ပယ်မယ်ဆိုရင် ဟိုဆေးမော်ရင်ဟိုက အစားထိုးခန့်အပ်နိုင်ဖွယ်ရှိတဲ့ နည်းပြသစ်အဖြစ် သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။



Sunday Times ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ နည်းပြသစ်ခန့်အပ်မယ့်ကိစ္စတွေကို အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ သိရပြီး အသင်းဥက္ကဌ ရာအူးလ်ဆန်လယ်ဟီဟာ ပြီးခဲ့တဲ့အပတ်က မော်ရင်ဟိုနဲ့ ညစာအတူ စားရင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Goal.com ရဲ့အဆိုအရ အာဆင်နယ်အသင်းဟာ ယင်းသတင်းတွေကို ငြင်းပယ်သွားခဲ့တယ်လို့ သိရပြီး ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဥက္ကဌ ရာအူးလ်ဆန်လယ်ဟီဟာ မော်ရင်ဟိုနဲ့ တစ်ဦးချင်း မတွေ့ဆုံခဲ့တာ နှစ်ပေါင်းအတော်ကြာနေခဲ့ပြီလို့ သိရပြီး ပြီးခဲ့တဲ့အပတ်တွေမှာ အာဆင်နယ်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အားရစရာမရှိပေမယ့်လည်း အာဆင်နယ်ထိပ်ပိုင်းတာဝန်ရှိသူတွေက ယခုအခြေအနေမှာ နည်းပြအမ်မရီကို ထုတ်ပယ်ဖို့ စဉ်းစားစရာအကြောင်းမရှိဘူးလို့ ယုံကြည်နေကြောင်း သိရပါတယ်။

Share

က္က