အသင်းကို နောက်တဆင့်တက်လှမ်းနိုင်အောင် ကူညီပေးချင်နေတာပါ။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အသင်းကို နောက်ထပ်အဆင့်အတန်းတစ်ခုကို ပို့ဆောင်ပေးရာမှာ အကူအညီဖြစ်စေဖို့အတွက် မော်ရင်ဟိုနဲ့ခိုင်မာတဲ့ ဆက်ဆံရေးထူထောင်လိုနေတယ်လို့ Independent ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဟယ်ရီကိန်းဟာ တော့တင်ဟမ်ဟော့စပါးနည်းပြသစ်ဖြစ််လာတဲ့ မော်ရင်ဟိုရဲ့ အဓိကကစားသမားဖြစ်ပြီး မော်ရင်ဟိုရဲ့ ပထမဆုံးကိုင်တွယ်တဲ့ပွဲစဉ် ၂ ပွဲမှာ ၃ ဂိုးအထိ သွင်းယူထားတာက ဟယ်ရီကိန်းအနေနဲ့ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ပြသနေတာဖြစ်ပါတယ်။

အိုလံပီယာကော့စ်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းက ၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ နည်းပြဟောင်း ပိုချက်တီနိုကို အလွန်နှစ်သက်သူဖြစ်ပေမယ့် မော်ရင်ဟိုဟာ ၎င်းရဲ့အိပ်မက်ဖြစ်တဲ့ စပါးအသင်းနဲ့အတူ ဆုဖလားတွေရယူနိုင်အောင် ကူညီပေးနိုင်သူဖြစ်လိမ့်မယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဒရော့ဘာ၊ အီဘရာဟီမိုဗစ်၊ ဒီယေဂိုကော်စတာတို့အားလုံးနဲ့ ခိုင်မာတဲ့ဆက်ဆံရေးမျိုးရှိတဲ့ နည်းပြဖြစ်ပြီး ဟယ်ရီကိန်း မော်ရင်ဟိုနဲ့ ဆက်ဆံရေးအခိုင်မာဆုံး နောက်ထပ်တိုက်စစ်မှူး ဖြစ်ချင်နေတာဖြစ်ပါတယ်။

“အစောပိုင်းနေ့တွေကတည်းက ကျွန်တော်တို့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ကြပြီး စကားပြောခဲ့တယ်။ ကြိုးစားပြီး အသင်းကိုကူညီပေးတယ်”

“သူ ကျွန်တော့်ကို ကြည့်တဲ့အခါမှာ ခံစားချက်က ကျွန်တော်ဟာ အသင်းရဲ့ခေါင်းဆောင်တွေထဲက တစ်ဦးဆုုိတာ သိသာထင်ရှားပါတယ်။ အသင်းနဲ့့ပတ်သက်ပြီးလည်း အကြံပေးပါတယ်။ ခင်ဗျား ပွဲစဉ်တွေ အနိုင်ရလာတဲ့အခါမှာ အဲဒါက ခင်ဗျားရဲ့ ဆက်ဆံရေးကို အကူအညီပေးပါလိမ့်မယ်။ ကျွန်တော်တို့ ခိုင်မာတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ်လို့ မျှော်လင့်််မိပါတယ််”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က