အာဆင်နယ်အသင်းအနေနဲ့ လိဂ် ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားတာပါတယ်။

ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်တဲ့အမ်မရီကို အာဆင်နယ်အသင်းက အချိန် အများကြီး ထပ်ပေးဖို့မရှိတော့ဘူးလို့လည်း သတင်းတွေက ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အသင်းခေါင်းဆောင်တစ်ဦီးဖြစ်တဲ့ ရာအူးလ်ဆန်လ်လီဟီနဲ့ မော်ရင်ဟိုတို့ညစာအ တူ စားသုံးခဲ့ကြတယ်လို့ Evening Standard သတင်းဌာနကဖော်ပြလာပါတယ်။



လက်ရှိမှာ နည်းပြ အမ်မရီကလည်း ရလဒ်ပိုင်း ဆိုးရွားနေတဲ့အတွက် မော်ရင်ဟိုနဲ့ စကားပြောဆိုဖြစ်တာတွေက နည်းပြ အပြောင်းအလဲ ဖြစ်ပေါ်လာမလားဆိုပြီး စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လိဂ် ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားတာပြီး နောက်ဆုံး ကစားခဲ့တဲ့ ဝုလ်နဲ့ပွဲမှာလည်း တစ်ဂိုးစီ သရေကျထားပါတယ်။



ဒါပေမယ့်လည်း Evening Standard ရဲ့ ဖော်ပြချက်မှာတော့ အာဆင်နယ်အနေနဲ့ မော်ရင်ဟိုနဲ့ စာချုပ်ကိစ္စတွေ ထိပြောဆိုတာတွေတော့မရှိလောက်သေးဘူးလို့ သုံးသပ်ထားပြီး အမ်မရီကို အချိန်တစ်ခုပေးဖို့ ရှိနေသေးတယ် လို့လည်းဖော်ပြလာပါတယ်။

မော်ရင်ဟိုကတော့ ၂၀၁၈ ဒီဇင်ဘာမှာ ယူနိုက်တက်နဲ့ လမ်းခွဲကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ဒီကြား ထဲမှာ ရီးရဲမက်ဒရစ်အသင်းက နည်းပြဇီဒန်းနဲ့လမ်းခွဲပြီး မော်ရင်ဟိုကို ပြန်ခန့်မယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ ပေမယ့် မလုပ်ဖြစ်ထားသူဖြစ်ပါတယ်။

အခြားသော အသင်းတွေလည်း အမျိုးမျိုး ဆက်သွယ်မှုတွေရှိခဲ့ပေမယ့် မော်ရင်ဟိုက အကြိမ်ကြိမ်ပယ်ချထားခဲ့ ပြီး သူနဲ့အသင့်တော်ဆုံးဖြစ်မယ့်အသင်းကို စောင့်နေတာလို့ သတင်းထုတ်ပြန်ဖူးတော့ အခုလို အာဆင်နယ်အ သင်းနဲ့ စကားပြောနေတာကတော့ သူနဲ့အသင်းတော်ဆုံးဖြစ်လို့လားလို့ ထင်ချင်စရာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က