ဒီကနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ မနက်ပိုင်းက မြောက်ဒဂုံရှိ ပင်လုံ CBဘဏ်မှာ ဓားပြဝင်တိုက်တာ ငွေကြေး သိန်း(၆၀၀) နီးပါးပါသွားတယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတွေ ပျံ့နှံ့လျှက်ရှိပါတယ်။ ဒီသတင်းတွေနဲ ပတ်သက်လို့ မြောက်ဒဂုံရဲဒစခန်းက သွားရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo- ရဲမာန် ရာပြည့်
“ မဟုတ်ပါဘူး။ ဓားပြဝင်တိုက်တာလုံးဝမဟုတ်ပါဘူးဗျာ။ အခုတော့ စခန်းကတာဝန်ရှိသူတွေသွားရောက်စစ်ဆေးနေတယ်။ ကျွန်တော်တို့ သတင်းအရသွားတာက ဗုံးတွေ့တယ်ဆိုပြီး ယူဆရတယ်။ ယူဆရတယ်ပဲနော်။ အတိအကျပြောလို့မရသေးပါဘူး” လို့ မြောက်ဒဂုံရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ CB ဘဏ် ပတ်ဝန်းကျင်တစ်ဝိုက်မှာ သွားလာမှုကို ပိတ်ပင်ထားပြီး ရဲတွေအနေနဲ့ စစ်ဆေးဆောင်ရွက်မှုတွေပြုလုပ်လျှက်ရှိနေပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ မြောက်ဒဂုံလွှတ်တော်ကိုယ်စားလှယ်ကို ဦးနိုင်ဇော်လင်းကို Duwun ကဆက်သွယ်မေးမြန်းကြည့်ရမှာတော့
“ ကျွန်တော် သတင်းတော့ကြားတယ်။ ဘာဖြစ်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ အခု အဲဒီနေရာကို သွားနေပါတယ်” လို့ ပြောပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ လက်ရှိမှာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးပေမယ့် လူမှုကွန်ရက် မှာတော့ ဘဏ်ကို ဓားပြဝင်တိုက်တယ်ဆိုတဲ့ သတင်းတွေသာ ပျံ့နှံ့လျှက်ရှိနေပါတယ်။