၅ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်က မွန်ပြည်နယ် မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ် မှာ ဘုရားဖူးဟိုက်ဂျက်ယာဉ်နဲ့ သဲကား တို့ တိုက်မိပြီး ဘုရားဖူးယာဉ်ပေါ်က လူ (၁၀) ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတယ်လို့ မော်လမြိုင် လူမှုကူညီကယ်ဆယ်ရေးအသင်းကနေသိရပါတယ်။

Photo- Zin Moe (မော်လမြိုင်လူမူကူညီကယ်ဆယ်ရေးအသင်း

ဘုရားဖူးဟိုက်ဂျက်ယာဉ်ပေါ်မှာ ကားခေါင်းခန်းအတွင်းညှပ်နေပြီး အသက်ရှင်နေတဲ့ (၁၃) နှစ်အရွယ်ကလေးတစ်ဦးကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ကာ အောက်ဆီဂျင်ပေးခဲ့ရတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

ဘုရားဖူးဟိုက်ဂျက်ယာဉ်နဲ့ သဲကားဟာလားရာတူ မောင်းနှင်လာခဲ့ပြီး ဟိုက်ဂျက်ယာဉ်ကနေ (၆) ဘီးကားကို ကျော်တက်ပြီး ယာဉ်ကြောထဲ ပြန်ဝင်ချိန်မှာ (၆) ဘီးကားရှေ့အောက်ကို ဝင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဘုရားဖူးယာဉ်ပေါ်မှာ လူ (၁၅) ဦးပါဝင်ခဲ့တဲ့အနက် (၁၀)ဦးသေဆုံးသွားခဲ့ရကာ ကျန် (၅) ဦးကတော့ ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

“ ဟိုက်ဂျက်ယာဉ်ဟာ ကားကြီးနဲ့ ပိပြီး ပြားသွားတယ်။ သေဆုံးသူတွေက ကားအောက်မှာ ပိနေတယ်။ ကားခေါင်းမှာ အသက်ရှင်တဲ့ကလေးတစ်ယောက်ကို ကယ်ထုတ်ဖို့ ဘယ်လိုမှ မရတော့ မီးသတ်ရဲ့ ရှာဖွေကယ်ဆယ်ရေးကားအသုံးပြုပြီး ပြန်ကယ်ထုတ်ခဲ့ရတယ်။ “ လို့ မော်လမြိုင်လူမူကူညီကယ်ဆယ်ရေးအသင်း အတွင်းရေးမှူး ကိုဇင်မိုးက Duwun ကိုပြောပါတယ်။

Photo- Zin Moe (မော်လမြိုင်လူမူကူညီကယ်ဆယ်ရေးအသင်း

အလောင်းတွေကိုလည်း ပိတ်မိနေတဲ့ကားအောက်တွေထဲက သယ်ယူခဲ့ရတာတွေပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။

သေဆုံးသူတွေဟာ အောင်လံ၊ဇီးကုန်း၊ကြို့ပင်ကောက် မြို့တို့ကအများဆုံးဖြစ်ပြီး ဘားအံ ကော့လှိုက်ရွာက အမျိုးတွေဆီကိုလာလည်ရင်း ကျိုက်ခမီ ဘုရားဖူးသွားတဲ့အချိန်မှာအခုလို ယာဉ်တိုက်မှု ဖြစ်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။

အသက်ရှင်ကျန်ရစ်သူ (၅) ဦးမှာ မော်လမြိုင် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီး အခြေအနေ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က